ဧရာဝတီတိုင်းမှာ ပထမဆုံး ဖွင့်လှစ်လိုက်တဲ့ ကျောက်ကပ်စင်တာ

၀၂ ၊ အောက်တိုဘာ ၊ ၂၀၁၈ ။

ကျောက်ကပ်ဝေဒနာသည်တွေအတွက် ရန်ကုန်သွားပြီး ကျောက်ကပ်ဆေးဖို့မလိုပဲ ပုသိမ်မှာတင် ဆေးနိုင်တော့ မှာ ဖြစ်ပါတယ် ။

မြန်မာကျောက်ကပ်ဖေါင်ဒေးရှင်း နဲ့ မေတ္တာရိပ်ကျန်းမာရေးစောင့်ရှောက်မှု အသင်းကနေ ပူးပေါင်း ပြီး ကျောက်ကပ်စင်တာကို
ပုသိမ်မြို့ကုန်ကားဝန်း ၊ မဉ္ဇူလမ်း ၊ Max ဆီဆိုင်ရှေ့မှာ စက်တင်ဘာ ၃၀ ရက်နေ့ကဖွင့်လှစ်ခဲ့တာပါ ။

ကျောက်ကပ်ဆေးစက် ၁၀ လုံးနဲ့ ဒီစင်တာကို စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ထပ်မံ တိုးချဲ့ နိုင်ဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ် ။