အမှိုက်ပစ်သူတွေကြောင့် အလှပျက်နေရတဲ့ ဟင်္သာတမြို့ ဦးပါရဲကမ်းနား

၂ ၊ အောက်တိုဘာ ၊ ၂၀၁၈ ။

ဟင်္သာတမြို့ ရဲ့ ဦးပါရဲဘုရား နှင့် ဦးပါရဲချောင်းလေးကို ရစ်ခွေထားတဲ့
တာဘောင်နေရာက လှပတဲ့ ရှုခင်းတွေနဲ့အတူ လူစည်ကားလှပါတယ် ။ မနက်ခင်း နှင့် ညနေခင်းတွေမှာ ကျန်းမာရေးလိုက်စားသူတွေ ၊ ဘုရားဖူးလာသူတွေ နှင့်အတူ
လှပသာယာခဲ့ဖူးပါတယ် ။ အခုတော့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူတွေကြောင့်
ဒီနေရာလေးရဲ့ သာယာလှပမှုဟာ ညစ်နွမ်းနေရပါပြီ ။
ဒီနေရာလေးကို ပြန်လည်သာယာလှပလာအောင် မြို့လူငယ်တွေက ဆန္ဒရှိနေကြပါတယ်။
ဒီသတင်းကို မျိုးသန့်ကိုကိုက ပေးပို့ထားပါတယ် ။