အင်္ဂပူက ဆန္ဒပြပွဲတွေ နောက်မှာ နိုင်ငံရေး ပယောဂတွေ ပါနေပြီလား

၎ ၊ အောက်တိုဘာ ၊ ၂၀၁၈ ။

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ထဲမှာ အင်းလုပ်ပိုင်ခွင့် ချထားပေးတာ နဲ့ ပါတ်သက်ပြီး ထောက်ခံသူ နှင့် ကန့်ကွက်သူအကြား နှစ်ဖက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေပါတယ်။ ဒီဆန္ဒပြမှုတွေ နောက်မှာ နိုင်ငံရေးပရောဂတွေ ပါဝင် နိုင်တယ်လို့ တိုင်းဒေသကြီးလွှတ်တော်အမတ်က သုံးသပ်ပါတယ်တယ် ။ အင်္ဂပူမြို့ပေါ်မှာ စက်တင်ဘာလ နှင့် အောက်တိုဘာလအတွင်းမှာ ဆန္ဒပြမှု ၃ ကြိမ်ဖြစ်ပေါ်ခဲ့အပြီး အခုလို သုံးသပ်ခဲ့တာ ဖြစ်ပါတယ် ။
ဒီသတင်းကို သန်းထိုက်မြင့်က ပေးပို့ထားတာပါ။