ပုသိမ္စီးပြားေရးဘဏ္မွာ ေငြ ၁၀ သိန္း ခါးပိုက္ႏိႈက္သြားတဲ႔ တရားခံ မိျပီ

၅ ၊ ေအာက္တိုဘာ ၊ ၂၀၁၈ ။

မေန႔က မြန္းလြဲပိုင္းမွာ ဘဏ္ကေန ေငြလာထုတ္တဲ႔ သားအဖဆီကေန ခါးပိုက္ႏွိဳက္သြားတဲ႔ တရားခံကို ရဲတပ္ဖြဲ႔က ေျမာင္းျမျမိဳ႕မွာ ဖမ္းဆီးႏုိင္ခဲ႔ျပီလို႔ သိရပါတယ္ ။ ပုသိမ္ျမိဳ႕နယ္ ေျခာက္အိမ္တန္းေက်းရြာအုပ္စု ၊ က်န္ေခ်ာင္းေလး ေက်းရြာက ဦးေအးျမင့္တုိ႔ သားအဖေတြက ဘဏ္မွာ ေငြ ၂၄ သိန္းထုတ္ယူအျပီး စီးပြားေရး ဘဏ္ထဲမွာတင္ပဲ တစ္ေသာင္းတန္ (၁၀ ) သိန္းတစ္အုပ္ ခါးပိုက္ႏွဳိက္ခံခဲ႔ၾကရတာ ျဖစ္ပါတယ္ ။
CCTV မွတ္တမ္းေတြအရ ဘဏ္ကေန ေငြလာထုတ္သူေတြကို ပိုက္ဆံေတြထုတ္ေပးအျပီး သားအဖႏွစ္ေယာက္က ပိုက္ဆံေတြကို အိပ္ထဲ အကူးအေျပာင္းလုပ္ခ်ိန္မွာ ခါးပိုက္ႏွဳိက္ခံရတယ္ ျဖစ္တယ္လို႔ C ဘဏ္တာဝန္ရွိသူ တစ္ဦးက Delta News Agency ကိုရွင္းျပပါတယ္ ။ဒီအမႈကို ဧရာဝတီတုိင္းရဲတပ္ဖြဲ႔ဝင္ေတြက တိုင္ခ်က္ဖြင့္အျပီး ၁၂ နာရီအခ်ိန္အတြင္း ေဖၚထုတ္ဖမ္းဆီးႏုိင္ခဲ႔တာ ျဖစ္ပါတယ္ ။

[Unicode]
ပုသိမ်စီးပွားရေးဘဏ်မှာ ငွေ ၁၀ သိန်း ခါးပိုက်နှိုက်သွားတဲ့ တရားခံ မိပြီ

၅ ၊ အောက်တိုဘာ ၊ ၂၀၁၈ ။

မနေ့က မွန်းလွဲပိုင်းမှာ ဘဏ်ကနေ ငွေလာထုတ်တဲ့ သားအဖဆီကနေ ခါးပိုက်နှိုက်သွားတဲ့ တရားခံကို ရဲတပ်ဖွဲ့က မြောင်းမြမြို့မှာ ဖမ်းဆီးနိုင်ခဲ့ပြီလို့ သိရပါတယ် ။ ပုသိမ်မြို့နယ် ခြောက်အိမ်တန်းကျေးရွာအုပ်စု ၊ ကျန်ချောင်းလေး ကျေးရွာက ဦးအေးမြင့်တို့ သားအဖတွေက ဘဏ်မှာ ငွေ ၂၄ သိန်းထုတ်ယူအပြီး စီးပွားရေး ဘဏ်ထဲမှာတင်ပဲ တစ်သောင်းတန် (၁၀ ) သိန်းတစ်အုပ် ခါးပိုက်နှိုက်ခံခဲ့ကြရတာ ဖြစ်ပါတယ် ။
CCTV မှတ်တမ်းတွေအရ ဘဏ်ကနေ ငွေလာထုတ်သူတွေကို ပိုက်ဆံတွေထုတ်ပေးအပြီး သားအဖနှစ်ယောက်က ပိုက်ဆံတွေကို အိပ်ထဲ အကူးအပြောင်းလုပ်ချိန်မှာ ခါးပိုက်နှိုက်ခံရတယ် ဖြစ်တယ်လို့ C ဘဏ်တာဝန်ရှိသူ တစ်ဦးက Delta News Agency ကိုရှင်းပြပါတယ် ။ဒီအမှုကို ဧရာဝတီတိုင်းရဲတပ်ဖွဲ့ဝင်တွေက တိုင်ချက်ဖွင့်အပြီး ၁၂ နာရီအချိန်အတွင်း ဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ် ။