မော်တင်စွန်းကမ်းခြေစီမံကိန်းက ဒေသဖွံ့ဖြိုးရေးကိုသာ ရည်ရွယ်တယ်လို့ ဝန်ကြီးချုပ်ဆို

၅ ၊ အောက်တိုဘာ ၊ ၂၀၁၈ ။

မော်တင်စွန်းစေတီတော် နှင့် ပင်လယ်ကမ်းခြေဒေသဖွံ့ဖြိုးရေး စီမံကိန်းကို
ဇေကမ္ဘာ ကုမ္မဏီ တစ်ခုတည်းက လက်ဝါးကြီးအုပ်အကောင်အထည်ဖေါ်သွားမှာ
မဟုတ်ပဲ ဒေသဖွံ့ဖြိုးရေးအတွက်ကိုပဲ ရည်ရွယ်ထားတယ်လို့
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောပါတယ် ။
အောက်တိုဘာလ ၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့
အမျိုးသားမြေအသုံးချမှု မှုဝါဒ ဖိုရမ်ကို တက်ရောက်လာတဲ့
ဝန်ကြီးချုပ် ဦးလှမိုးအောင်က သတင်းထောက်တွေရဲ့ မေးမြန်းမှုကို
အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ် ။