ပုသိမ်မြို့က လွှတ်တော်ကိုယ်စားလှယ်တွေ နှင့် မဲဆန္ဒရှင်ပြည်သူတွေ တွေ့ဆုံ

၇ ၊ အောက်တိုဘာ ၊ ၂၀၁၈ ။

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်အတွင်းက ရွေးခြယ်တင်မြှောက်ခံခဲ့ကြတဲ့
လွှတ်တော်ကိုယ်စားလှယ်တွေ နှင့် မဲဆန္ဒရှင် ပြည်သူတွေ တွေ့ဆုံတဲ့ပွဲကို မနေ့က
ပုသိမ်မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ် ။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလှိုင်ထွန်း
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုး ၊ တိုင်းဒေသကြီးကိုယ်စားလှယ်
အမှတ် (၁) ဒေါက်တာစိုးဝင်း ၊ တိုင်းဒေသကြီး ကိုယ်စားလှယ် အမှတ်(၂)
ဦးအောင်သူထွေး တို့နှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကလည်း တပါတည်း
တက်ရောက်ခဲ့ကြပါတယ် ။ ဒီပွဲကို မဲဆန္ဒရှင် ပြည်သူ ၅၀၀ ခန့်
တက်ရောက်လာကြပါတယ် ။ ဒေသတွင်းဖွံဖြိုးရေးလုပ်ငန်းတွေနဲ့ ပါတ်သက်ပြီး မေးခွန်း မေးမြန်းတာတွေကို ကိုယ်စားလှယ်တွေ ၊ သက်ဆိုင်ရာ ဌာန တာဝန်ရှိသူတွေက
ပြန်လည်ဖြေကြားခဲ့ကြပါတယ် ။