ကုန်ကားမောင်းသူများဆန္ဒပြ

၁၁ ၊အောက်တိုဘာ ၊ ၂၀၁၈ ။

ကြည့်မြင်တိုင်ကမ်းနားလမ်းပေါ် ၊ သီရိမင်္ဂလာဈေးဟောင်းအနီးမှာ ကုန်ကားမောင်းသူတွေ ဆန္ဒပြနေကြတာပါ။ ရဲတပ်ဖွဲ့က လုံခြုံရေးယူထားပေမယ့် တစုံတရာဖမ်းဆီးတားမြစ်တာ မတွေ့ရပါဘူး။ ဆန္ဒပြသူတွေက ၂၄ နာရီမောင်းခွင့်ပေးဖို့ အော်ဟစ်တောင်းဆိုနေကြပါတယ် ။