ဧရာဝတီတိုင်းအတွင်းက ကျေးရွာ ၃၀၀ ဝန်းကျင်ဖွံ့ဖြိုးရေးစီမံချက်အတွက် ငွေကျပ် ၂.၇ ဘီလီယံကျော်အသုံးပြုမည်

၁၁ ၊ အောက်တိုဘာ ၊ ၂၀၁၈ ။

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP စီမံကိန်းကို ၂၀၁၅ ခုနှစ်က စတင်စမ်းသက်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ တိုင်းအတွင်း ကျေးရွာပေါင်း ၂၇၇ ရွာကိုအကောင်အထည်ဖော်သွားမှာပါ။ စီမံကိန်းရွေးချယ်ခံရတဲ့ကျေးရွာတွေအနေနဲ့ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ဖို့တစ်ရွာကို ကျပ်သိန်း ၁၀၀ ရရှိမှာဖြစ်ပါတယ်။

စီမံကိန်း ကို လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် ပြည်သူတွေသဘောကျတာကြောင့် နောက်ပိုင်း တိုးချဲ့ဆောင်ရွက်သွားဖို့ရှိတယ်လို့ဆိုပါတယ်။

စီမံကိန်းအနေနဲ့ ရပ်ရွာကကော်မတီတစ်ရပ်ရွေးချယ်ပြီး နိုင်ငံတော်က ထောက်ပံ့တဲ့ ကျပ်သိန်း ၁၀၀ နဲ့ ကျေးရွာဖွံ့ဖြိုးရေအတွက်လိုအပ်တဲ့ လမ်းတံတား အပါဝင် လိုအပ်တာတွေကို ကျေးရွာက စိတ်ကြိုက်စီမံခန့်ခွဲအကောင်အထည်ဖော်ရတာပါ။

Delta News

Read Previous

ဧရာဝတီတိုင်းအစိုးရဟောင်း ရန်ပုံငွေ ကျပ် ၅.၂ ဘီလီယံကို ရက်ပေါင်း ၆၀ အတွင်း မလွှဲရင် အရေးယူမယ်

Read Next

ကုန်ကားမောင်းသူများဆန္ဒပြ