ဧရာဝတီတိုင်းအစိုးရဟောင်း ရန်ပုံငွေ ကျပ် ၅.၂ ဘီလီယံကို ရက်ပေါင်း ၆၀ အတွင်း မလွှဲရင် အရေးယူမယ်

၁၅ ၊ အောက်တိုဘာ ၊ ၂၀၁၈

ဧရာဝတီတိုင်းဒေသကြီးအစိုးရဟောင်းက အစိုးရရန်ပုံငွေ ကျပ် ၅.၂ ဘီလီယံကို အစိုးရသစ်ကို မလွဲခဲ့ဘဲ တိုင်းအစိုးရဝန်ကြီးဟောင်းတွေဦးဆောင်တဲ့ ဧရာဝတီ ပညာရေး၊ကျန်းမာရေး။ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကိုလွှဲခဲ့တာနဲ့ပတ်သက်လို့ ရက်ပေါင်း ၆၀ အတွင်း အားလုံးပြန်မပေးရင် အရေးယူသွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီးကပြောပါတယ်။

ဖောင်ဒေးရှင်းအနေနဲ့ ငွေတွေကို ကုမ္ပဏီတွေနဲ့ ဒေသဖွံ့ဖြိုးရေးချေးထားတာတွေ နဲ့သက်လို့ အစိုးရနဲ့ညှိနှိုင်းနေတာဖြစ်ပြီး အစိုးရကတော့ အားလုံးကိုပြန်လည်တောင်းယူနေတာပါ။

ဖောင်ဒေးရှင်းဘက်က လာမယ့် ၁၉ ရက်နေ့မှာအကြောင်းပြန်ကြားရမှာဖြစ်ပြီး အချိန်ကလာကို လာမယ့် အောက်တိုဘာ ၁၉ ရက်နေ့ကစတင်ရေတွက်မယ်လို့ဆိုပါတယ်။