၂၁ ၊ ဇွန်လ ၊ ၂၀၂၀ ။
ပုသိမ်မြို့ က နှစ် ၄၀ နီးပါး သက်တမ်းရှိတဲ့ စက်တော်ရာဘိုးဘွားရိပ်သာကို ဘက်စုံပရဟိတ ဆရာတော် ဦးဆောင်ပြီး ပုသိမ်မြို့ရှိ ပရဟိတအဖွဲ့တွေ စုပေါင်းကာ အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ က စက်တော်ရာဘိုးဘွားရိပ်သာမှာ အသက်(၁၀၀)နှစ်ရှိ အဘွား တစ်ဦးနှင့် အသက်(၉၇)နှစ်ရှိ အဘိုးတစ်ဦးအပါအဝင် စုစုပေါင်း(၃၁)ဦးတို့ကို စောင့်ရှောက်ထားကြောင်းသိရပါတယ်။
စက်တော်ရာဘုရား ဘိုးဘွားရိပ်သာကို ၁၉၈၂ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၆ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၁၂ခုနှစ်မှာ တစ်ကြိမ်ပြန်လည် မွန်းမံ ပြင်ဆင်ခဲ့ပါတယ်။