ပုသိမ်မြို့လယ်ခေါင်က ကားဂိတ်ကို မြို့ပြင်မရွှေ့ရေး ယာဥ်လိုင်းတာဝန်ခံတွေ တောင်းဆို

၂၁ ၊ ဇွန်လ ၊ ၂၀၂၀ ။

ပုသိမ်မြို့လယ်ခေါင်က ကားလက်မှတ်အရောင်းဌာနနဲ့ ခရီးသည်ကြိုပို့ဂိတ် မရွှေ့ပြောင်းရေးအတွက် ယာဥ်လိုင်း၂၂လိုင်းကတာ၀န်ခံတွေဟာ ဒီနေ့မှာ တိုင်းကော်မတီ ရုံးမှာတောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။

လက်ရှိမှာ လူစုလူဝေးဖြစ်ပွားတာနဲ့ ယာဥ်ကြောပိတ်ဆို့မူတွေကြောင့် အဝေးပြေးကား၀င်းဆီကိုရွှေ့ပြောင်းကြဖို့ ဇွန်လ၃ရက်နေ့မှာ စာထုတ်ပြန်ခဲ့တာနဲ့ပတ်သတ်ပြီး ယာဥ်ပိုင်ရှင်တွေရဲ့ အခက်အခဲကို လာရောက်တင်ပြကြတာလို့ယဥ်လိုင်းတာ၀န်ခံတစ်ဦးကပြောပါတယ်။

အခုလိုရွှေ့ပြောင်းဖို့ အမိန့်ဟာ အစိုးရအဖွဲ့က ထုတ်ပြန်တာဖြစ်တာကြောင့် ယဥ်လိုင်းတာ၀န်ခံတွေရဲ့တင်ပြချက်တွေကို တိုင်းအစိုးရအဖွဲ့ဆီ တင်ပြပေးသွားမယ်လို့ ပုသိမ်ခရိုင်ပုဂ္ဂလိကမော်တော်ယာဥ်လုပ်ငန်းယာဥ်များစနစ်တကျပြေးဆွဲရေးကြီးကြပ်မှု ကော်မတီဥက္ကဌကပြောပါတယ်။

နှစ်ပေါင်း၂၀ကျော်ကြာ သက်တမ်းရှိတဲ့ ပုသိမ်မြို့ ရွှေစေတီလမ်း မြန်မာ့စီးပွားဘဏ်ရှေ့ကားဂိတ်ဟာ တိုင်းတွင်းနဲ့ တိုင်းပြင်ပယာဥ်လိုင်း ၁၄စီးကျော်က လက်မှတ်ရောင်းချတာ ပစ္စည်းလက်ခံထုတ်ပေးတာတွေနဲ့ ခရီးသည်တွေကို အဝေးပြေးကားကွင်းဆီ ကြိုပို့လုပ်ပေးနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။