လက်ပံတန်းမှာ စစ်ရေးဆက်လက်တင်းမာနေပြီး စစ်ကောင်စီတပ်က ဒေသခံတချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ဆို

Photo – သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ (ပုံစာ – သြဂုတ်၂၄ရက်တိုက်ပွဲအတွင်း ရရှိတဲ့လက်နက်ခဲယမ်းတွေနဲ့အတူတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်)

ဩဂုတ်၊ ၂၉

စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး အထိနာခဲ့တဲ့ ပဲခူးတိုင်း၊လက်ပံတန်းမြို့နယ် ပဲခူးရိုးမအတွင်း စစ်အုပ် စုဘက်က စစ်ကြောင်းထိုးနေတာကြောင့် စစ်ရေးဆက်လက်တင်းမာနေကာ စစ်ကောင်စီတပ်က ဒေသခံတချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတာလည်းရှိနေတယ်လို့ သာယာဝတီခရိုင် PDFတပ်ရင်း ၃၈၀၂ ပြန်ကြားရေး တာ ဝန် ရှိသူတဦးက DNAကိုပြောပါတယ်။

“သူတို့(စစ်ကောင်စီ)စစ်ကြောင်းထိုးဖို့လုပ်နေတာ၊ရောက်တော့မလာသေးဘူး၊ပြည်သူတွေကို လူသားဒိုင်းအနေနဲ့ ကြိုးတုပ်ပြီးခေါ်လာတယ်လို့ သိရတယ်”လို့သူကပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်လာတဲ့ ဒေသခံအရပ်သားအရေအတွက်ကိုတော့မသိရသေးပါဘူး။ လတ်တလော နှစ်ဖက် တိုက်ပွဲတွေဖြစ်နေတာ၊စစ်ကောင်စီစစ်ကြောင်းထိုးမီးရှို့နေတာတွေကြောင့် အနီးတဝိုက် ကျေးရွာ ဆယ်ရွာထက် မနည်းက ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။

ပဲခူးရိုးမပေါ်ကို အင်အား တရာလောက်နဲ့တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ် တွေ က စောင့်ကြိုတိုက်ခိုက်မှုတွေလုပ်နေတာကြောင့် ဩဂုတ် ၂၄ရက်ကနေ လက်ရှိအထိ နှစ်ဖက် တိုက်ပွဲတွေရှိနေသ လို စစ်ရေးတင်းမာမှုတွေလည်းဆက်ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက်အကြာ ဩဂုတ် ၂၇ရက်ညနေပိုင်းက တောင်တန်းမြိုင်ကျေးရွာ အနီးမှာဖြစ်ခဲ့တဲ့ တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်ကယာယီတပ်ရင်းမှူးတဦးနဲ့ တပ်ခွဲမှူးတဦးအပါအဝင် နှစ်ဆယ်ကျော်သေဆုံးခဲ့တယ်လို့  သာ ယာဝတီခရိုင် PDFတပ်ရင်း ၃၈၀၂ကဒီကနေ့ပြောပါတယ်။

တိုက်ပွဲအတွင်းသေဆုံးသွားတဲ့ယာယီတပ်ရင်းမှူးဟာ စစ်ကောင်စီတပ်မ ၆၆ လက်အောက်ခံ အင်းမတပ်ကနေ သာယာဝတီမြို့ နယ်အခြေစိုက်ခလရ ၃၅ကိုပြောင်းရွှေ့လာတဲ့ ဗိုလ်မှူးအောင်ဇော်ဖြစ်ပြီး ခလရ ၁၄က တပ်ခွဲမှူး ဗိုလ်ကြီး တဦးလည်းသေဆုံးသွားတယ်လို့ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲကနေ ဆုတ်ခွာထွက်ပြေးသွားတဲ့ အရာရှိ သုံးဦးနဲ့ တပ်ဖွဲ့ဝင် ၃၅ဦးကိုတော့ မကွေးတိုင်း မြိုင်မြို့နယ် ဘက် ပို့လိုက်ကြောင်းသိရတယ်လို့လည်း သာယာဝတီခရိုင် PDFတပ်ရင်း ၃၈၀၂ပြန်ကြားရေး တာဝန်ရှိသူကပြော ပါတယ်။

လက်ပံတန်းမြို့မြောက်ဘက် ငါးမိုင်ကျော်အကွာလောက် ပဲခူးရိုးမအစပ် အုတ်ဖိုစုရွာအရောက် ဩဂုတ် ၂၄ရက် မနက်ပိုင်းကစောင့်ကြိုတိုက်ခိုက်တာကြောင့် စစ်ကောင်စီအထိနာခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က နှစ်ဆယ်ကျော်သေဆုံးကာ ဆယ်ဦးအရှင်ဖမ်းမိပြီး လက်နက်မျိုးစုံ သုံး ဆယ်၊ခဲယမ်း စစ်အသုံးအဆောင်တွေနဲ့ ငွေသား ၂၅သိန်းကျော်တို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့ NUG ကာကွယ် ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 အဲ့ဒီလိုအထိနာခဲ့တဲ့နောက် လက်ပံတန်းမြို့နယ်အတွင်းမှာ စစ်ကောင်စီစစ်ကြောင်းဆက်ထိုးကာ ကျေးရွာတွေ က ဒေသခံတွေရဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးမှုတွေလည်းလုပ်နေတယ်လို့ တော်လှန်ရေးအင်အားစု တွေကပြော ပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကို ဩဂုတ် ၂၇ရက် ညနေပိုင်းကလည်း တောင်တန်းမြိုင်ကျေးရွာ အနီးမှာ တော်လှန် ရေးပူးပေါင်းတပ်တွေက ထပ်မံစောင့်ကြိုတိုက်ခိုက်တာကြောင့် အထိနာသွားပေမယ့် စစ်ကောင်စီဘက်က လက် နက် ကြီးပစ်ကူပေးတာ၊ဒရုန်းနဲ့ဗုံးကြဲတာတွေလုပ်လာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သာယာဝတီခရိုင် PDFတပ်ရင်း ၃၈၀၂ကမနေ့က ထုတ်ပြန်ထားပါတယ်။

လက်ပံတန်းမြို့ဟာ ရန်ကုန်မြို့နဲ့ မိုင်ခုနစ်ဆယ်ဝန်းကျင်သာကွာဝေးပြီးကားနဲ့ သုံးမိုင်ခရီးသာရှိပါတယ်။NUG ကာ ကွယ်ရေးဝန်ကြီးဌာနကတော့ စစ်တောင်းမြစ်ဝှမ်းဒေသစိုးမိုးရေးနဲ့ ပဲခူးရိုးမထိုးဖောက်ရေးစစ်ရေးစီမံချက်တွေချ မှတ်ထားပြီးဖြစ်ကာ စစ်ရေးလှုပ်ရှားမှုတွေဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။