ဆိုင်ကလုန်းမုန်တိုင်းအမ်ဖန်ကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ လူ ၂၄ဦးသေဆုံး

(သတင်းတို)
၂၁၊ မေ၊ ၂၀၂၀

အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ကြောင့် အိန္ဒိယနိုင်ငံအရှေ့ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူ၂၄ဦးသေဆုံးခဲ့ပြီး နေအိမ်ထောင်ချီပျက်စီးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အမ်ဖန် ဆိုင်ကလုန်းမုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းက တစ်နာရီကို အများဆုံးလေတိုက်နှုန်း (၁၁၉)မိုင်နှုန်းနဲ့ အိန္ဒိယနိုင်ငံအရှေ့ပိုင်းကို ကုန်းတွင်းပိုင်းဝင်ရောက်တိုက်ခတ်ခဲ့တာပါ။ လက်ရှိမှာတော့ မုန်တိုင်းအရှိန် အားပျော့သွားပြီး မုန်တိုင်းဗဟိုချက်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ်မှာဆက်ပြီးရွေ့လျားနေတယ်လို့ သိရပါတယ်။

ဆိုးရွားတဲ့ ရာသီဥတုအခြေအနေကြောင့် အိန္ဒိယအရှေ့ပိုင်းက West Bengal ပြည်နယ်မှာ (၁၂)ဦး ၊ Odisha ပြည်နယ်မှာ (၂)ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ (၁၀)ဦးသေဆုံးခဲ့ပြီး သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ လည်း သိရပါတယ်။

အိန္ဒိယအရှေ့ပိုင်းဒေသတော်တော်များများမှာ လျှပ်စစ်မီးတွေ ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး ဘင်္ဂလားဒေ့ရှ်မှာတော့ လူပေါင်းတစ်သန်းရဲ့ နေအိမ်တွေမှာ လျှပ်စစ်မီးပြတ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။

အမ်ဖန်မုန်တိုင်းဟာ ဆယ်စုနှစ်များစွာအတွင်း ဘင်္ဂလားပင်လယ်အော်မှာ အားအကောင်းဆုံး ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီး ၂၀၂၀ခုနှစ်အတွင်း တစ်ကမ္ဘာလုံးမှာ ဒုတိယမြောက်အားအပြင်းဆုံး အပူပိုင်းမုန်းတိုင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

(Zawgyi)

ဆိုင္ကလုန္းမုန္တိုင္းအမ္ဖန္ေၾကာင့္ အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္မွာ လူ ၂၄ဦးေသဆုံး

၂၁၊ ေမ၊ ၂၀၂၀

အင္အားျပင္းဆိုင္ကလုန္းမုန္တိုင္း အမ္ဖန္ေၾကာင့္ အိႏၵိယႏိုင္ငံအေရွ႕ပိုင္းနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ လူ၂၄ဦးေသဆုံးခဲ့ၿပီး ေနအိမ္ေထာင္ခ်ီပ်က္စီးခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

အမ္ဖန္ ဆိုင္ကလုန္းမုန္တိုင္းဟာ ဗုဒၶဟူးေန႔ မြန္းလြဲပိုင္းက တစ္နာရီကို အမ်ားဆုံးေလတိုက္ႏႈန္း (၁၁၉)မိုင္ႏႈန္းနဲ႔ အိႏၵိယႏိုင္ငံအေရွ႕ပိုင္းကို ကုန္းတြင္းပိုင္းဝင္ေရာက္တိုက္ခတ္ခဲ့တာပါ။ လက္ရွိမွာေတာ့ မုန္တိုင္းအရွိန္ အားေပ်ာ့သြားၿပီး မုန္တိုင္းဗဟိုခ်က္ဟာ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံေပၚမွာဆက္ၿပီးေ႐ြ႕လ်ားေနတယ္လို႔ သိရပါတယ္။

ဆိုး႐ြားတဲ့ ရာသီဥတုအေျခအေနေၾကာင့္ အိႏၵိယအေရွ႕ပိုင္းက West Bengal ျပည္နယ္မွာ (၁၂)ဦး ၊ Odisha ျပည္နယ္မွာ (၂)ဦးနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ (၁၀)ဦးေသဆုံးခဲ့ၿပီး ေသဆုံးသူအေရအတြက္ ထပ္တိုးလာႏိုင္တယ္လို႔ လည္း သိရပါတယ္။

အိႏၵိယအေရွ႕ပိုင္းေဒသေတာ္ေတာ္မ်ားမ်ားမွာ လွ်ပ္စစ္မီးေတြ ဖုန္းလိုင္းေတြ ျပတ္ေတာက္ေနၿပီး ဘဂၤလားေဒ့ရွ္မွာေတာ့ လူေပါင္းတစ္သန္းရဲ႕ ေနအိမ္ေတြမွာ လွ်ပ္စစ္မီးျပတ္ေနတယ္လို႔ ဘဂၤလားေဒ့ရွ္စြမ္းအင္ဝန္ႀကီးဌာနက ေျပာပါတယ္။

အမ္ဖန္မုန္တိုင္းဟာ ဆယ္စုႏွစ္မ်ားစြာအတြင္း ဘဂၤလားပင္လယ္ေအာ္မွာ အားအေကာင္းဆုံး ဆိုင္ကလုန္းမုန္တိုင္းျဖစ္ၿပီး ၂၀၂၀ခုႏွစ္အတြင္း တစ္ကမာၻလုံးမွာ ဒုတိယေျမာက္အားအျပင္းဆုံး အပူပိုင္းမုန္းတိုင္းအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။

Ref : hindustantimes
Photo Credit – wionews

Topic – #အမ်ဖန်#ဆိုင်ကလုန်းမုန်တိုင်း#အိန္ဒိယ#ဘင်္ဂလားဒေ့ရှ်