Photo ဝင်းနိမ္မိတာရုံစာသင်တိုက်
ဇူလိုင် ၊ ၁၈
ပဲခူးမြို့က ဝင်းနိမ္မိတာရုံစာသင်တိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခြင်း တလပြည့်အထိမ်း အ မှတ်အဖြစ် အဲ့ဒီစာသင်တိုက်မှာပဲ ပင့်သံဃာတွေ၊ကျောင်းတိုက်ရှိသံဃာနှစ်ရာကျော်ကိုဒီကနေ့မနက်ပိုင်းကဆွမ်းဆက်ကပ်လှူဒါန်းခဲ့ တယ်လို့သိရပါတယ်။
ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ ဇွန်လ ၁၉ရက်က ရွှေကျင်နိကာယ(ရွှေကျင်သံဃာ့ဂိုဏ်း)ဗဟိုအစည်း အဝေး တက်ဖို့ မန္တလေးမြို့ကိုကြွရင်း ငါန်းဇွန်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်ချက်နဲ့ ပျံလွန်ခဲ့တာ ဖြစ်ပါ တယ်။
ဆရာတော်ပျံလွန်ခြင်းတလပြည့် အလှူကိုတော့ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ငယ်ဆရာလည်းဖြစ်၊ ကြခတ်ဝိုင်း ကျောင်း တိုက်မှာ သီတင်းသုံးဖော်၊စာချဖက်တွေလည်းဖြစ်ခဲ့တဲ့ လက်ရှိ ဆဌမမြောက် ကြခတ်ဝိုင်းဆရာတော် ဦးဆောင်တဲ့ ပင့် သံဃာတွေ ကြွရောက်ခဲ့ကြပါတယ်။
ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ ပျံလွန်တော် မမူခင်အထိ ဝင်းနိမ္မိတာရုံစာသင်တိုက်ကို ပြည့်စုံအောင်ဆောင် ရွက်နိုင်ခဲ့ တာကြောင့် ကျန်ရစ်ခဲ့သူတွေအနေနဲ့ ပိုပြီးတိုးတက်လာအောင် ညီညီညွတ်ညွတ်ကြိုးစားဆောင်ရွက်ကြဖို့ ကြခတ်ဝိုင်း ဆရာတော်ကမိန့်ကြားပါတယ်။
“ညီညွတ်မှသာလျှင် ပြည့်စုံနေတဲ့ကျောင်းတိုက်ကြီးကို တိုးတက်အောင်လုပ်နိုင်မှာဖြစ်ပါတယ်၊ တိုးတက်အောင် လုပ်ကြပါ”လို့ ဆရာတော်ကမိန့်ပါတယ်။
ပျံလွန်ချိန်အထိ စာသင်၊စာချလုပ်ငန်းတွေဆောင်ရွက်ခဲ့သလို ပရိယတ္တိပညာရေး နယ်ပယ်မှာ လက်ကိုင်ပြုရတဲ့ ရှင်းတမ်းကျမ်းတွေ ရေးသားပြုစုခဲ့တဲ့ ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန် ချိန်မှာ သက်တော် ၇၈နှစ် ၊သိက္ခာ တော် ၅၈ဝါ ရှိပြီဖြစ်ပါတယ်။
ကံသုံးဆင့်ဆရာတော်နဲ့အတူ မန္တလေးမြို့ကို ကြွရင်း ကံသုံးဆင့်ဆရာတော်ရဲ့ဇာတိရွာကအပြန် စစ်ကောင်စီ တပ် ဖွဲ့ဝင်တွေပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံဆရာတော်ပျံလွန်ရမှုဟာ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် သာသနာ ရေးနယ်ပယ်မှာ အထင်ရှားဆုံး ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်စဉ်ဖြစ်လာပါတယ်။
ကနဦးမှာ စစ်ကောင်စီက အဲ့ဒီဖြစ်စဉ်ကို PDF တွေကျူးလွန်တာလို့ လိမ်လည်ထုတ်ပြန်ခဲ့ပေမယ့် ကိုယ်တိုင်ကြုံ ခဲ့တဲ့ ကံသုံးဆင့် ဆရာတော်က အဖြစ်မှန်ကိုလူသိရှင်ကြားဖွင့်ချခဲ့တာပါ။
ဒီဖွင့်ချမှုကြောင့်ပဲ စစ်ကောင်စီက သူတို့တပ်ဖွဲ့ဝင်တွေပစ်ခတ်ခဲ့ကြောင်းဝန်ခံခဲ့ရပြီး ကျူးလွန်သူတွေကိုအရေးယူ မယ်လို့ ထုတ်ပြန်ထားပေမယ့် ဖြစ်စဉ်မှာပါဝင်ပတ်သက်သူတွေကိုဘယ်လိုအရေးယူထား တယ်ဆိုတာတော့ ဒီက နေ့ အထိထုတ်ပြန်ပြောဆိုမှုမရှိပါဘူး။
စစ်ကောင်စိတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်ခဲ့တာ၊လိမ်လည်သတင်းထုတ် ပြန် တာတွေနဲ့ပတ်သက်လို့ စစ်ကိုင်း၊မကွေး၊မန္တလေးနဲ့ တနင်္သာရီတိုင်းအတွင်းမြို့နယ် နှစ်ဆယ်ကျော်မှာသီတင်းသုံးတဲ့ သံဃာတွေက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မှုတွေ ပြုလုပ်ထားကြပါတယ်။