ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး မနက်ဖြန် ကျင်းပမည်

By – Delta News Agency

၂၆၊ ဧပြီလ၊ ၂၀၂၀။

ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော်ရဲ့ ၂၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို မနက်ဖြန်မှာ ကျင်းပသွားဖို့ ရှိတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်က ပြောပါတယ်။

“တစ်ရက်တည်းပါ ၊ ၂၀-၂၁ ဘတ်ဂျက်ကို အတည်ပြုနိုင်ရုံပါ ၊ အဲဒါပြီးရင် (၂၂)ကြိမ်မြောက် ပြီးသွားတာပေါ့ဗျာ ၊ ပထမနေ့က တင်တယ်ပေါ့ ၊ အခု ဒုတိယနေ့က အတည်ပြုတယ်ပေါ့” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရဲ့ (၂၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ပထမနေ့)ကို မတ်လ ၂၄ရက်နေ့က ကျင်းပခဲ့အပြီး COVID-19 ကပ်ရောဂါကာလမှာ လွှတ်တော်နားထားခဲ့ပြီးနောက် မနက်ဖြန်မှာမှ ဒုတိယနေ့ကို ပြန်လည်ခေါ်ယူမှာ ဖြစ်ပါတယ်။

မနက်ဖြန်ကျင်းပမည့်နေ့ကို ယခင်က ဧပြီလ ၈ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ် မကျင်းပနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

မတ်လ ၂၄ ရက်နေ့က ကျင်းပခဲ့တဲ့ ပထမနေ့ ပုံမှန်အစည်းအဝေးမှာ ၂၀-၂၁ ဘဏ္ဍာနှစ် ၊ဘဏ္ဍာငွေရသုံးဆိုင်ရာ ခန့်မှန်းခြေငွေစာရင်း လျာထားချက် နဲ့ စပ်လျဉ်းပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဌေးဝင်းက လွှတ်တော်ကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် COVID-19 ကူးစက်မြန်ရောဂါကို ထိရောက်စွာ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်နိုင်ရေး အလေးထားဆောင်ရွက်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တိုက်တွန်းတဲ့ အရေးကြီးအဆိုကို ဒေးဒရဲအမှတ်(၂)ကိုယ်စားလှယ် ဦးခင်ဝင်းက တင်သွင်းခဲ့အပြီး ကျန်တိုင်းဒေသကြီးကိုယ်စားလှယ် ၆ ဦးက ထောက်ခံဆွေးနွေးကာ အတည်ပြုနိုင်ခဲ့ပါတယ်။

(Zawgyi)

ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္ အစည္းအေဝး မနက္ျဖန္ က်င္းပမည္

၂၆၊ ဧၿပီလ၊ ၂၀၂၀။

ဒုတိယအႀကိမ္ တိုင္းေဒသႀကီးလႊတ္ေတာ္ရဲ႕ ၂၂ ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး ဒုတိယေန႔ကို မနက္ျဖန္မွာ က်င္းပသြားဖို႔ ရွိတယ္လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠဌ ဦးေအာင္ေက်ာ္ခိုင္က ေျပာပါတယ္။

“တစ္ရက္တည္းပါ ၊ ၂၀-၂၁ ဘတ္ဂ်က္ကို အတည္ျပဳႏိုင္႐ုံပါ ၊ အဲဒါၿပီးရင္ (၂၂)ႀကိမ္ေျမာက္ ၿပီးသြားတာေပါ့ဗ်ာ ၊ ပထမေန႔က တင္တယ္ေပါ့ ၊ အခု ဒုတိယေန႔က အတည္ျပဳတယ္ေပါ့” လို႔ ေျပာပါတယ္။

ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္ရဲ႕ (၂၂)ႀကိမ္ေျမာက္ပုံမွန္ အစည္းအေဝး (ပထမေန႔)ကို မတ္လ ၂၄ရက္ေန႔က က်င္းပခဲ့အၿပီး COVID-19 ကပ္ေရာဂါကာလမွာ လႊတ္ေတာ္နားထားခဲ့ၿပီးေနာက္ မနက္ျဖန္မွာမွ ဒုတိယေန႔ကို ျပန္လည္ေခၚယူမွာ ျဖစ္ပါတယ္။

မနက္ျဖန္က်င္းပမည့္ေန႔ကို ယခင္က ဧၿပီလ ၈ရက္ေန႔မွာ က်င္းပဖို႔ စီစဥ္ခဲ့ေပမယ္ မက်င္းပႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

မတ္လ ၂၄ ရက္ေန႔က က်င္းပခဲ့တဲ့ ပထမေန႔ ပုံမွန္အစည္းအေဝးမွာ ၂၀-၂၁ ဘ႑ာႏွစ္ ၊ဘ႑ာေငြရသုံးဆိုင္ရာ ခန႔္မွန္းေျခေငြစာရင္း လ်ာထားခ်က္ နဲ႔ စပ္လ်ဥ္းၿပီး တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ဝန္ႀကီး ဦးေဌးဝင္းက လႊတ္ေတာ္ကို တင္ျပခဲ့ၿပီး ျဖစ္ပါတယ္။

ဒါ့အျပင္ COVID-19 ကူးစက္ျမန္ေရာဂါကို ထိေရာက္စြာ ကာကြယ္၊ တားဆီး၊ ထိန္းခ်ဳပ္ႏိုင္ေရး အေလးထားေဆာင္႐ြက္ဖို႔အတြက္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကို တိုက္တြန္းတဲ့ အေရးႀကီးအဆိုကို ေဒးဒရဲအမွတ္(၂)ကိုယ္စားလွယ္ ဦးခင္ဝင္းက တင္သြင္းခဲ့အၿပီး က်န္တိုင္းေဒသႀကီးကိုယ္စားလွယ္ ၆ ဦးက ေထာက္ခံေဆြးေႏြးကာ အတည္ျပဳႏိုင္ခဲ့ပါတယ္။

Photo credit – ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်@facebook page

#ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်#COVID-19