ဝင်းနိမ္မိတာရုံဆရာတော်အမှုဖြေရှင်းနေချိန် နောက်ထပ်သံဃာနှစ်ပါး တိုက်ခိုက်မှုတွေကြောင့်ပျံလွန်

Photo – Social Media

ဇွန်၊၂၃

ပဲခူးမြို့က ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်စေတဲ့ ပစ်ခတ်မှုကြောင့် အငြင်းပွားမှုတွေရှိနေချိန် လတ်တလော ရက် ပိုင်းအတွင်း စစ်ကောင်စီလက်ချက်နဲ့ နောက်ထပ်သံဃာတော်နှစ်ပါး တိုက်ခိုက်ခံရမှုတွေကြောင့် ပျံလွန်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသအခြေစိုက် တော်လှန်ရေး အင်အားစုတွေကပြောပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော်နဲ့ ကံသုံးဆင့်ဆရာတော်တို့လိုက်ပါခဲ့တဲ့ကားပစ်ခတ်ခံခဲ့ရတဲ့ ဇွန်လ ၁၉ရက်မှာပဲ ရှမ်း ပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှာ စစ်ကောင်စီဘက်က ဒရုန်း၊လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်သံ ဃာတပါးပျံလွန်ခဲ့သလို မနေ့ညပိုင်းကလည်း မြင်းခြံမြို့အနီးမှာ သံဃာတပါး ပစ်ခတ်ခံရပြီးပျံလွန်ခဲ့တာပါ။

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ ပစ်ခတ်ခံရပြီး ပျံလွန်သွားတဲ့ ဆရာတော်ဟာ သက်တော်(၅၀)ဝန်းကျင်၊ဝါတော် (၁၀)ရှိ ဆခမရွာ အရှေ့ကျောင်းဆရာတော် အရှင်ဥတ္တမဖြစ်ပြီး အရေးပေါ်လူနာတဦးကို ဆရာတော်ကိုယ်တိုင် ပရဟိတကားနဲ့လိုက်ပို့ပြီးအပြန်မှာ ပစ်ခတ်ခံရတာလို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ပြောပါတယ်။

ပစ်ခတ်မှုုဖြစ်ခဲ့တဲ့ မြို့အထွက် မြင်းခြံ-မကျီးသမျှားလမ်းပေါ်က နေရာအနီးတဝိုက်ဟာ စစ်ကောင်စီနဲ့ ပျူစော ထီးတွေ အခြေချလှုပ်ရှားလေ့ရှိတဲ့နေရာဖြစ်ပြီး ဆရာတော် အရှင်ဥတ္တမကိုယ်တိုင်လူနာပို့ပြီး ပြန်လာတဲ့ ကားကို မနေ့ က ကိုးနာရီခွဲလောက်က ဝိုင်းဝန်းပစ်ခတ်ခဲ့တာလို့လည်း ဆိုပါတယ်။

“၎င်းနေရာမှာ စစ်ရေးလှုပ်ရှားမှုမရှိသည့် နေရာဖြစ်ပါသည်”လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ပြောပါ တယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး PDF တွေဘက်က ပစ်ခတ်တာလို့ စစ်ကောင်စီရဲ့ဝါဒဖြန့် ပလက်ဖောင်းမျိုးစုံ ကဖော်ပြကြပေမယ့် မြင်းခြံဒေသခံတွေကတော့ စစ်ကောင်စီတပ်တွေလက်ချက်လို့သတင်းဌာနတွေ ကိုပြော ထားပါတယ်။

ပင်လောင်းမြို့နယ်မှာတော့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက လွယ်ကျိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ထဲကို ဇွန်လ ၁၉ရက်မှာ လက်နက်ကြီး၊ဒရုန်းတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် သက်တော် ၃၉နှစ်အရွယ် ကျောင်းထိုင် ဆရာတော် ဦးနေမိန္ဒပျံလွန်ခဲ့တာပါ။

ဒါ့အပြင် အဲ့ဒီတိုက်ခိုက်မှုကြောင့် နောက်ထပ် ဒေသခံငါးဦးလည်း ဒဏ်ရာတွေရခဲ့သေးတယ်လို့ ရှမ်းပြည် တောင် ပိုင်းမှာ လက်ရှိစစ်ကောင်စီနဲ့တိုက်ပွဲတွေဖြစ်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAက ထုတ် ပြန်ထားပါတယ်။

ကရင်နီနဲ့ ရှမ်းပြည်နယ်အစပ်ဒေသတွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေတိုက်ပွဲပြင်းထန်နေချိန် ၂၀၂၃ ခုနှစ် မတ်လအတွင်းကဖြစ်ခဲ့တဲ့ ပင်လောင်းမြို့နယ် နန်းနိမ့်ရွာမှာလူသုံးဆယ်လောက် အစုအပြုံလိုက် သတ်ဖြတ် ခံရတဲ့ဖြစ်စဉ်မှာလည်း သံဃာတော်သုံးပါး ပါဝင်ခဲ့ပါတယ်။

အဲ့ဒီသတ်ဖြတ်မှုုကို စစ်ကောင်စီနဲ့ပြည်သူ့စစ်တပ်တွေ ကျုးလွန်ခဲ့တာလို့ တော်လှန်ရေးအင်အားစုတွေက အ ထောက်အထားတွေနဲ့တကွ ပြောဆိုထားသလို စစ်ကောင်စီကလည်း တော်လှန်ရေးအင်အားစုတွေကျုးလွန်တာလို့ တန်ပြန်စွပ်စွဲထားပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းချိန်ကတည်းက အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်တဲ့ သံဃာတွေ ကို ဖမ်းဆီးအကျဉ်းချတာ၊နိုင်ငံရေးနောက်ခံရှိတဲ့ရွှေညဝါဆရာတော်လို လူသိများဆရာတော်တချို့ကို ကြိုတင် ဖမ်းဆီးချုပ်နှောင်တာတွေလုပ်ခဲ့ပါတယ်။

အဲ့ဒီနောက် လက်နက်ကိုင် တော်လှန်တိုက်ခိုက်မှုတွေပေါ်ပေါက်လာချိန်မှာတော့ ဒေသအသီးသီးမှာ စစ်ကောင်စီ က စစ်ကြောင်းထိုးရင်း သတ်ဖြတ်ခဲ့တာ၊လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပျံလွန်ခဲ့ရတဲ့ သံဃာတော်တွေအများအပြားရှိနေပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေကြောင့် ပျံလွန်ခံရတဲ့သံဃာတော်အရေအတွက်ကိုတော့ အတိအကျ မှတ်တမ်းတင် ထားတာ မျိုးမရှိသေးပါဘူး။စစ်ကောင်စီကတော့ တော်လှန်ရေး အင်အားစုတွေလက်ချက်နဲ့ပျံလွန်ခဲ့တဲ့ သံဃာတော် တရာ ဝန်းကျင်ရှိနေတယ်လို့ဆိုထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီက မကြာခဏဖော်ပြလေ့ရှိတဲ့ အဲ့ဒီသတ်ဖြတ်ခံ သံဃာစာရင်းမှာ စစ်ကောင်စီတပ်က ကျုး လွန်ခဲ့တာလို့ ဒေသခံတွေနဲ့ တော်လှန်ရေး အင်အားစုတွေဘက်က ပြောထားတဲ့ ဖြစ်စဉ်တွေလည်းပါ ဝင်နေပါ တယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း သံဃာတော်တွေ ပျံလွန်ခဲ့ တာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက သူတို့ကျူးလွန်ကြောင်းဝန်ခံတဲ့ဖြစ်စဉ် တခုမှမရှိခဲ့ပါဘူး။

လတ်တလော လူသိများဖြစ်ရပ်ဖြစ်တဲ့ ဝင်းနိမ္မိတာရုံနဲ့ ကံသုံးဆင့်ဆရာတော်တွေလိုက်ပါတဲ့ကား ပစ်ခတ်ခံရ ချိန်မှာလည်း PDF တွေကျူးလွန်တာလို့ နေ့တွင်းချင်း သတင်းထုတ်ပြန်ပေမယ့် ကံသုံးဆင့်ဆရာတော်ရဲ့ဖွင့် ချမှုကြောင့် စစ်တပ်က ကျူးလွန်ကြောင်းထုတ်ဖော်ဝန်ခံခဲ့ရပါတယ်။