တောင်ကုတ်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတွေအပါ သုံးဦးထက်မနည်းသေဆုံး

Photo – Social Media

ဇွန်၊ ၁၈

တောင်ကုတ်မြို့နယ် ကံဆိပ်ကျေးရွာကို စစ်ကောင်စီက ဒီကနေ့ ဇွန်လ၁၈ရက်နံနက်၁၀ နာရီကျော်မှာလေကြောင်းကပစ်ခတ်တိုက်ခိုက်ခဲ့လို့အမျိုးသမီး ၂ ဦးအပါအဝင် ၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။

“တိုက်ပွဲလည်းမရှိဘဲဗုံးလာကြဲတာ ထိခိုက်တာတော့အသေးစိတ်မေးနေတုန်း ငါးယောက်သေတယ်လည်းကြားရပါတယ်”လို့သတင်းရင်းမြစ်ကပြောပါတယ်။

ဒါ့အပြင်ဒဏ်ရာရှိသူတွေလည်းရှိတယ်လို့ကနဦးသိရပြီးထိခိုက်သေဆုံးမူနဲ့ပတ်သတ်တဲ့အသေးစိတ်အချက်အလက်ကိုDNAကဆက်လက်စုံစမ်းနေပါတယ်။

ဇွန်လ ၁၅ ရက်ညပိုင်းကလည်း စစ်ကောင်စီတပ်က လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့လို့တောင်ကုတ်မြို့နယ်ရွာသစ်ကေကျေးရွာက အသက်၁၅နှစ်အရွယ်လူငယ်တဦးသေဆုံးခဲ့ပါသေးတယ်။

ဒါ့အပြင်မနေ.ကဇွန်လ၁၇ရက်မှာလည်းတောငျကုတျတက်ကသိုလျဝငျးထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့သင်တန်းရေးရာဌာနမှူးနေအိမ်နဲ့  ကားတစ်စီးပျက်စီးသွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့ကိုအာရက္ခတပ်တော်(AA)က ပြီးခဲ့တဲ့ဇွန်လ၁၅ရက်ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

နာမည်ကျော်ခရီးသွားဒေသဖြစ်တဲ့ ရခိုင်တောင်ပိုင်းသံတွဲမြို့ကို ပြီးခဲ့တဲ့လပိုင်းကစလို့AAကထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ အဲဒီနောက် သံတွဲမြို့နဲ့မိုင်လေးဆယ်ကျော်အကွာမှာတည်ရှိတဲ့တောင်ကုတ်မြို့ကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီဖက်ကလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မူတွေကြောင့်အရပ်သားထိခိုက်မူတွေရှိနေတာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာတကျော့ပြန်တိုက်ပွဲစတင်တဲ့မနှစ်ကနိုဝင်ဘာ၁၃ရက်ကနေပြီးခဲ့တဲ့မေလ၁၃အထိကာလအတွင်းစစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ လက်နက်ငယ်ပစ်ခတ်မှုတွေကြောင့် အရပ်သား ၂၆၈ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၆၄၀ အထိရှိလာတယ်လို့AAရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ပေးရေးရုံး (HDCO) က မေလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ် ။

ဒါ့အပြင် တောင်ကုတ်မြို့ကိုစစ်ကောင်စီက ပိတ်ဆို့ထားလို့ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ဖို့ အခက်အခဲရှိနေတယ်လို့လည်း သတင်းရင်းမြစ်တွေကဆိုပါတယ်။

တောင်ကုတ်-ပြည်ကားလမ်းပိုင်းကိုလည်းစစ်ကောင်စီဖက်ကိုစစ်ကူမပို့နိုင်ဖို့ AAက ပိတ်ဆို့ထားပါတယ်။

တောင်ကုတ်မြို့နယ်မှာ၂၀၂၃ ဒီဇင်ဘာလက  စစ်ကောင်စီယာဉ်တန်းကို AA က မိုင်းဆွဲတိုက်ခိုက်လို့ထိတွေ့မူအချို့ဖြစ်ပွားခဲ့ဖူးပါတယ်။ အဲဒီနောက်တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပြီးခဲ့တဲ့ရက်ပိုင်းကမှ စစ်ရေးတင်းမာလာခဲ့တာပါ။ တောင်ကုတ်မြို့ကို AAတိုက်ခိုက်တော့မယ်ဆိုတဲ့သတင်းတွေကြောင့် စစ်ကောင်စီဖက်ကစစ်ရေးပြင်ဆင်မူတွေပြုလုပ်ခဲ့ပြီးရက်ပိုင်းအတွင်းမှာပဲAAကထိုးစစ်စတင်ခဲ့တာဖြစ်ပါတယ်။

တောင်ကုတ်မြို့နယ်မှာစစ်ကောင်စီရဲ့ အမှတ်၅စစ်ဆင်ရေးကွပ်ကဲမူဌာနချုပ် စကခ (၅)နဲ့ ခြေမြန်တပ်ရင်းနှစ်ခုရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

တကျော့ပြန်တိုက်ပွဲ၇လတာကာလအတွင်း AAကချင်းတောင်ပိုင်းပလက်ဝနဲ့ရခိုင်ပြည်နယ်ကမြို့နယ်၉ခုကိုသိမ်းပိုက်ထားပါတယ်။လတ်တလောမှာလည်းမောင်တော၊သံတွဲနဲ့တောင်ကုတ်မြို့တွေကိုထိုးစစ်ဆင်နေပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့အမ်းမြို့နယ်မှာလည်း တိုက်ပွဲတွေပြင်းထန်နေတာပါ။