မေ ၊ ၂၀
ရဟတ်ယာဉ် ပျက်ကျမှုမှာ ပါသွားခဲ့တဲ့ အသက် ၆၃နှစ်အရွယ် အီရန်သမ္မတ အီဘရာဟင် ရိုင်ဆီသေဆုံးကြောင်း ဒီကနေ့ မေလ ၂၀ရက်နေ့မှာပဲ အီရန်အစိုးရက အတည်ပြုလိုက်ပါတယ်။
အီရန် အစိုးရက နိုင်ငံ အနောက်မြောက်ပိုင်း၊ တောင်ထူထပ်ရာ ဗာဇ်ခန် မြို့တဝိုက် တောင်တန်းတွေထဲကို မေလ ၁၉ ရက်နေ့က ရိုင်ဆီ လိုက်ပါသွားတဲ့ ရဟတ်ယာဉ် ပျက်ကျခဲ့တာပါ။ Bell 212 အမျိုးအစားလို့ ယုံကြည်ရတဲ့ ရဟတ်ယာဉ်ဟာ အိမ်နီးချင်း အဇာဘိုင်ဂျန် နိုင်ငံက ရေအားလျှပ်စစ် ဆည်ကြီးတစ်ခု ဖွင့်ပွဲကနေ ပြန်လာတဲ့ အီရန် အစိုးရ ထိပ်တန်း အရာရှိတွေကို တင်ဆောင်လာတဲ့ ရဟတ်ယာဉ် သုံးစီးထဲမှာ အပါအဝင် ဖြစ်ပါတယ်။
အီရန်ရဲ့ ဖွဲ့စည်းပုံ ဥပဒေအရ သမ္မတ ရုတ်တရက် ကွယ်လွန်သွားရင်၊ ဒါမှမဟုတ် ဆက်ပြီး တာဝန်မယူနိုင်တော့ရင် ဒုတိယ သမ္မတက ယာယီ အုပ်ချုပ်ပြီး နောက်ထပ် ရက် ၅၀ အတွင်း ရွေးကောက်ပွဲ ကျင်းပရမှာပါ။
Photo Credit – Reuters