နိုင်/ကျဉ်း တဒါဇင်အပါအဝင် လွိုင်ကော်ထောင်ထဲက လွတ်ရက်စေ့အကျဉ်းသားခြောက်ဆယ် ကျော်ပြန်လွတ်

ဖေဖော်ဝါရီ ၊ ၈

တိုက်ပွဲတွေဖြစ်နေတဲ့ လွိုင်ကော်မြို့က အကျဉ်းထောင်ထဲမှာ လွတ်ရက်စေ့အကျဉ်းသား တွေဆက်လက်ချုပ် နှောင်ခံနေရကြောင်းထုတ်ဖော်ခံရပြီးနောက် စစ်ကောင်စီဖေဖော်ဝါရီ၅ရက်မှာ အဲ့ဒီအကျဉ်းသားတွေကို ပြန် လွှတ် ပေးလိုက်တယ်လို့ နိုင်ကျဉ်းအဖွဲ့အစည်းတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား ၁၂ဦးအပါအဝင် လွတ်ရက်စေ့နေတဲ့ အကျဉ်းသားစုစုပေါင်း ၆၅ ဦးကိုစစ်ကောင်စီက လွိုင် ကော်ထောင်ကနေ ပြန်လွှတ်ပေးလိုက်တာလို့ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး(KPPA)နဲ့ မြန်မာနိုင် ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNMတို့က ဒီကနေ့ပူးတွဲထုတ်ပြန်တာပါ။

ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၁၂ဦးထဲမှာ အမျိုးသမီးတချို့လည်းပါဝင်တယ်လို့ သိရပါတယ်။ အခုလို လွတ်ရက်စေ့အကျဉ်းသားတွေကိုပြန်လွှတ်ပေးလိုက်တာကို ကြိုဆိုပေမယ့် လက်ရှိလွိုင်ကော်ထောင် ထဲကအ ကျဉ်းသားအားလုံး ဆန်ကြမ်းနဲ့ငါးပိကိုပဲ နေ့စဉ်စားသောက်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာ လလယ်ပိုင်းကစလို့ လက်ရှိအချိန်အထိ နှစ်လဝန်းကျင်လောက် အကျဉ်း သားတွေကို အခန်းထဲပိတ်လှောင်ထားတာကြောင့် ကိုယ်လက်အင်္ဂါချိနဲ့မှုနဲ့ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်နေ ကြတယ်လို့ KPPAနဲ့ PPNMတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်ကဆိုပါတယ်။

ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် တခြားအကျဉ်းသားတွေကို လုံလောက်တဲ့အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အလေးထားလုပ်ဆောင်ပေးဖို့ သူတို့က တိုက်တွန်းထားပါတယ်။

အဲ့ဒီအကျဉ်းသားတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက လွတ်ရက်စေ့နေသူတွေဖြစ်ပေမယ့် စစ်ကောင်စီက ပြန်မလွှတ်ဘဲ ထောင်ထဲမှာ  ဆက်လက်ချုပ်နှောင်ထားတယ်လို့ အထက်ပါ အဖွဲ့အစည်းတွေက ဖေဖော်ဝါရီ ၃ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီကတော့ လွတ်ရက်စေ့အကျဉ်းသားတွေကိုဆက်လက်ချုပ်နှောင်ထားတယ်ဆိုတာနဲ့ပတ်သက်လို့ ငြင်းဆန်ထားပြီး ခရီးသည်ယာဉ်တွေပြေးဆွဲမှုမရှိသေးတာကြောင့် ဥပဒေနဲ့အညီ ဆက်လက်လက်ခံ ကျွေးမွေး ထားတာဖြစ်တယ်လို့ တုံ့ပြန်ရှင်းလင်းခဲ့ပါတယ်။

ကရင်နီ(ကယား)ပြည်နယ် မြို့တော် လွိုင်ကော်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းကစလို့ ကရင်နီတော်လှန်ရေး တပ်တွေနဲ့ စစ်ကောင်စီတို့ မြို့တွင်းတိုက်ပွဲတွေဖြစ်နေပြီး မြို့တွင်းနေရာ အများအပြားကိုတော်လှန်ရေး တပ်တွေ က ထိန်းချုပ်ထားကာ လက်ရှိအချိန်အထိ တိုက်ပွဲတွေရှိနေဆဲဖြစ်ပါတယ်။