K3Cနဲ့ NUG တို့ရဲ့ တော်လှန်ရေး ဘုံသဘောတူညီချက် ဝေဖန်ကန့်ကွက်ခံရ

ဖေဖော်ဝါရီ၊ ၇

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ K3C လို့ ခေါ်တဲ့ KNU၊ KNPP၊ CNF တို့ပူးတွဲထုတ်ပြန်ထားတဲ့ တော်လှန်ရေး ဆိုင်ရာ ဘုံသဘောတူညီချက်တွေကို အခြေခံနဲ့အဆင့်မြင့်ပညာရေးအထွေထွေသပိတ်ကော်မတီက ကန့်ကွက်လိုက် ပါတယ်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာဘုံသဘော တူ ညီ ချက်ဆိုပြီး NUG နဲ့ K3C တို့က ဖေဖော်ဝါရီ ၁ရက်မှာထုတ်ပြန်ခဲ့ပေမယ့် အဲ့ဒီအချက်တွေကို အမျိုးသားညီညွတ် ရေးအ တိုင်ပင်ခံကောင်စီ(NUCC)မှာအသိပေး၊ဆွေးနွေးတိုင်ပင်ခဲ့တာမရှိဘူးလို့ဆိုပါတယ်။

ဒါဟာဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဌာန်းချက်တွေကိုချိုးဖောက်ရာရောက်နေပြီး တရားမဝင်ဘူးလို့ ပညာရေး သပိတ်ကော်မတီကဝေဖန်ပါတယ်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ကောင်စီ NUCC မှာ NUG အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုတွေ ပါဝင် ကြ  တာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကတော့ ၂၀၂၁ခုနှစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားတော်လှန် ရေးတပ်ဖွဲ့ တွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေစုပေါင်းရေးဆွဲပြဌာန်းထားတဲ့ တော်လှန်ရေးဆိုင်ရာ ကတိကဝတ်တရပ် ဖြစ်ပါ တယ်။

အဲ့ဒီပဋိညာဉ်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အကောင်အထည်ဖော်လုပ်ဆောင်မှုတွေ ခိုင်မာအားကောင်းစေဖို့ NUCC နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့၊ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးအတွက် NUCC ရဲ့ မူဝါဒရေးရာ ဦးဆောင်မှု နဲ့အ ညီဆောင်ရွက်ဖို့ပြဌာန်းထားပါတယ်။

“NUCC အနေနဲ့ကတော့ဒီကိစ္စကိုထုတ်ပြန်ပြီးမှသိတာဖြစ်တဲ့အတွက်ကြောင့် NUG ရဲ့ဒီသဘောထားနဲ့ ပတ်သက် ပြီး NUCC ဘက်ကတာဝန်ခံပေးဖို့၊တာဝန်ယူပေးဖို့မရှိပါဘူး”လို့ ပညာရေးသပိတ်ကော်မတီ တာဝန်ရှိသူ တဦးဖြစ်တဲ့ ကို နောင်ချို ကပြောပါတယ်။

ဒါ့အပြင် အဲ့ဒီဘုံသဘောတူညီချက်မှာ စစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းချက်ပါဝင်နေတာဟာ နွေဦး တော် လှန်ရေးအတွင်း ပါဝင်နေတဲ့တော်လှန်ရေးအင်အားစုတွေရဲ့ သဘောထားမှတ်ချက်တွေကို အလေးထားမှု မရှိတာလို့ လည်းထုတ်ပြန်ချက်မှာထောက်ပြထားပါတယ်။

NUG နဲ့ K3C တို့က ထုတ်ပြန်ခဲ့တဲ့ ဘုံသဘောတူညီချက်ထဲမှာ သူတို့ရဲ့နိုင်ငံရေးဦးတည်ချက်ခြောက်ချက်ကို မြန် မာစစ် တပ်ခေါင်းဆောင်တွေက လက်ခံလာရင် အာဏာသိမ်းမှုအဆုံးသတ်ဖို့နဲ့ အာဏာပြန်လွှဲပြောင်းဖို့ဆွေးနွေး မယ်လို့ပါရှိ ပါတယ်။

အခြေခံနဲ့အဆင့်မြင့်ပညာရေးအထွေထွေသပိတ်ကော်မတီကတော့ အာဏာသိမ်းခဲ့တဲ့အဖွဲ့အစည်းဖြစ်သလို အ ကြမ်း ဖက်သတ်ဖြတ်မှုတွေလည်းစတင်ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီဘက်က စေ့စပ်ညှိနှိုင်းဖို့ တကြိမ်တခါမှ မပြော ထားဘဲ NUG ဘက်ကစပြီး စေ့စပ်ညှိနှိုင်းဖို့ အခုလို လေသံပစ်လာတာဟာ တော်လှန်ရေးကိုသစ္စာဖောက်တဲ့ လုပ် ရပ်လို့ ပြင်းပြင်းထန် ထန်ဝေဖန်ထားပါတယ်။

“တွေ့ဆုံဆွေးနွေးရေးစကားကို တလုံးတပါဒမျှစစ်ကောင်စီဘက်ကမပြောတဲ့အချိန်မှာ ကျွန်တော်တို့တော်လှန် ရေးဘက်က NUG ကိုယ်တိုင်က ဒီလိုတွေ့ဆုံဆွေးနွေးရေးလေသံပစ်တာကတော့ အင်မတန်ရုပ်ဆိုးအကျည်းတန် ပါတယ်” လို့ ကိုနောင်ချိုက ပြောပါတယ်။

NUG နဲ့ K3C တို့ကြား ဘုံသဘောတူညီချက်တွေဟာ ပထဝီအရကျယ်ပြန့်တဲ့ နိုင်ငံရေးပေါင်းစည်းမှုတွေဖြစ်ပြီး ကျန်နေ တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း သဘောတူညီမှုရရေးဆက်ကြိုးစားဖို့ ယာယီ သမ္မတ ဒူဝါလရှီးလ က တိုက်တွန်းထားပေမယ့်လက်ရှိသဘောတူညီချက်တွေကိုပဲအခုလို ဝေဖန်ကန့်ကွက်မှု တွေ ထွက်ပေါ်လာတာ ဖြစ်ပါ တယ်။

တော်လှန်ရေးကာလအတွင်းနဲ့ အနာဂတ်ကာလတွေအတွက် တော်လှန်ရေးအင်အားစုတွေကြား ကြိုတင်ညှိနှိုင်း ဆွေးနွေ းသဘောတူညီမှုတွေလုပ်ဖို့လိုအပ်တာမှန်ပေမယ့် တာဝန်ယူမှု၊တာဝန်ခံမှုခိုင်မာတဲ့ သဘောတူညီမှု တွေ ဖြစ်ဖို့ လိုတယ်လို့ အခြေခံနဲ့အဆင့်မြင့်ပညာရေးအထွေထွေသပိတ်ကော်မတီတာဝန်ရှိသူ ကိုနောင်ချိုကပြောပါ တယ်။

“ရေတိုအခြေအနေ၊နိုင်ငံတကာရဲ့ဖိအားပေးမှုတွေကိုမူတည်ပြီး ကတိကဝတ်ပြုတာတွေကတော်လှန်ရေးအတွက် အကျိုး တကယ်မဖြစ်ထွန်းဘူးလို့မြင်တယ်၊နောက်တခုက ကတိကဝတ်တွေပြုကြတဲ့အခါမှာ ဘယ်လောက်တာဝန် ခံမှုရှိလဲ၊ ဘယ်ဟာနဲ့အာမခံမှာလဲဆိုတာ ဒါတွေကအရေးကြီးပါတယ်”လို့ သူကဆိုပါတယ်။

ဒါ့အပြင် အခြေခံနဲ့အဆင့်မြင့်ပညာရေးအထွေထွေသပိတ်ကော်မတီရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာ ပြည်ထောင် စုလွှတ် တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ပတ်သက်လို့လည်း ထည့်သွင်းဝေဖန်ကန့်ကွက်ထားပါတယ်။

၂၀၂၀ခုနှစ်အထွေထွေရွေးကောက်ပွဲရလဒ်ကိုအခြေခံ ဖွဲ့စည်းထားတဲ့ CRPH အနေနဲ့ ၂၀၂၅ ခုနှစ်မှာ Mandate (လုပ်ပိုင်ခွင့်) ကုန်ဆုံးမှာဖြစ်ပေမယ့် People’s Mandate လို့ သုံးနှုံးဖော်ပြလာကာ သက်တမ်း အကန့်အသတ်မဲ့ အသက်ဆက်ဖို့ကြိုးပမ်း လာတယ်ဆိုပြီး ဝေဖန်ထားတာပါ။

CRPH ရဲ့ ဖေဖော်ဝါရီ ၁ရက်က ထုတ်ပြန်ချက်မှာတော့ ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ ပြည်သူတွေက အပ် နှင်း လိုက်တဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်တွေကိုကျေပွန်တဲ့အထိ၊နောက်တကြိမ် လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲကတဆင့်လွှတ်တော် တရပ်မပေါ်လာမချင်း ထမ်းဆောင်ဖို့တာဝန်ရှိတယ်လို့ဖော်ပြထားပါတယ်။

အခြေခံနဲ့အဆင့်မြင့်ပညာရေးအထွေထွေသပိတ်ကော်မတီဘက်က ထုတ်ပြန်ဝေဖန်ထားတဲ့အချက်တွေနဲ့ပတ် သက်လို့ DNAအနေနဲ့ NUG နဲ့ CRPH တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားပေမယ့်အဆက်အသွယ်မရ သေးပါဘူး။

 ပုံစာ- NUG အစိုးရအဖွဲ့အစည်းအဝေးကို အွန်လိုင်းကတဆင့်ပြုလုပ်နေစဉ်