နိုဝင်ဘာ၊ ၁၈
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့အနီးမှာ ဖြစ်နေတဲ့ တိုက်ပွဲအတွင်း ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီက အ ဆိပ်ငွေ့ဗုံး စတင်အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ တအာင်းလွတ်မြောက်ရေးတပ် TNLA က အခုညပိုင်းမှာ ထုတ်ပြန် ပါတယ်။
နမ့်ခမ်းမြို့ကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် TNLA နဲ့ပူးပေါင်းတပ်တွေက နမ့်ခမ်းမြို့တောင်ဘက်အထွက်နား မှာရှိတဲ့ စစ်ကောင်စီစခန်းသစ်ကုန်းကို ဆက်လက်တိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေဆက် ဖြစ်နေ တာပါ။
မနေ့ကတော့ အဲ့ဒီစခန်းကုန်းမှာ မနက် ခြောက်နာရီကနေ ညသန်းခေါင်အထိ တိုက်ပွဲဖြစ်ပြီးနောက် စခန်းသစ် ကုန်းရဲ့ လုံခြုံရေး တပ်ကုန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီလို စခန်းကကုန်းတခုသိမ်းပိုက်ပြီးနောက် ဒီကနေ့မနက်ပိုင်းကစလို့ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြု တိုက်ခိုက်ခဲ့တာလို့ TNLA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ TNLA တပ်ဖွဲ့တာဝန်ရှိသူတွေကို DNA အနေနဲ့ အသေးစိတ်မေးမြန်းနိုင်ခြင်း မရှိသေး ပါဘူး။
အာဏာသိမ်းပြီးနောက်မှာရော အာဏာမသိမ်းခင်ကပါ စစ်ကောင်စိနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ လက်နက်ကိုင် တပ်ဖွဲ့ တချို့က စစ်တပ်ဟာ ဓာတုအဆိပ်ငွေ့လက်နက်တွေ အသုံးပြုတိုက်ခိုက်တယ်လို့ ပြောဆိုခဲ့ကြဖူးသလို အထောက် အထားတချို့လည်းထွက်ပေါ်ခဲ့ဖူးပါတယ်။
NLD အစိုးရလက်ထက် ၂၀၂၀ နှစ်ဆန်းပိုင်းက ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်က ဓာတု အဆိပ်ငွေ့ဗုံးတွေအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ရခိုင့်တပ်တော် AA အဖွဲ့က ပြောခဲ့ဖူးပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အတွင်း ကရင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီက ဓာတုဗုံးလို့ယူ ဆရတဲ့ ဗုံးတွေကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ရုပ်သံနဲ့တကွထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီဗုံးတွေကြဲချခဲ့ပြီးနောက် လေထုထဲမှာ အဝါရောင်အမှုန်တွေ လွင့်ပျံနေကာ ထူးခြားတဲ့အနံ့တမျိုးရပြီး မြေပြင် က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မူးဝေတဲ့ဒဏ်ကို ခံစားကြရတယ်လို့ ကော်ဘရာစစ်ကြောင်းက ၂၀၂၂ခုနှစ် ဧပြီလ အတွင်းထုတ်ပြန်အသိပေးခဲ့ပါတယ်။
ဒါ့အပြင် ကရင်နီဒေသနဲ့ စစ်ကိုင်းတိုင်းအတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတချို့မှာလည်း စစ်ကောင်စီက အလားတူ လက်နက်အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေက ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။
နမ့်ခမ်းမြို့စခန်းသစ်ကုန်းမှာဒီကနေ့ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ နှစ်ကြိမ် တိုက်ခိုက်ခဲ့သလို နမ့်ဖတ်ကာနဲ့ နမ့်ခမ်းမြို့တောင်ဘက် ရွှေလီမြစ်ကမ်းဘေးက မန်တပ်ရွာ အခြေစိုက် တပ်စခန်း တို့ကနေ လက်နက်ကြီး အကြိမ်ငါးဆယ်နီးပါး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီစခန်းသစ်ကုန်းတပ်စခန်းရဲ့ လုံခြုံရေးကုန်းကိုသိမ်းပိုက်နိုင်ခဲ့တဲ့ တိုက်ပွဲအတွင်း လက်နက်ငယ် ၁၃လက် သိမ်းဆည်းရရှိခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
TNLA တပ်ဖွဲ့ဟာ နမ့်ခမ်းမြို့ကို အခုလပထမပတ်ကတည်းက သိမ်းပိုက်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးက စစ် ကောင်စီစခန်းသစ်ကုန်းကိုဆက်လက်တိုက်ခိုက်နေရဆဲဖြစ်သလို မြို့တောင်ဘက် ရွှေလီမြစ်အနီးက မန်တပ်ရွာ မှာလည်း စစ်ကောင်စီရဲ့ ခလရ-၁၄၄ တပ်စခန်းရှိနေပါသေးတယ်။
နမ့်ခမ်းမြို့ကို ထိန်းချုပ်ပြီးကတည်းက TNLA တပ်ဖွဲ့ဟာ နမ့်ခမ်းမြို့တောင်ဘက်အထွက် အနီးမှာရှိတဲ့ စစ် ကောင်စီရဲ့ စခန်းသစ်ကုန်းကို ဆက်လက်သိမ်းပိုက်ဖို့ကြိုးစားနေတာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ် နေ တာပါ။
photo- TNLA/google