ဟင်္သာတမြို့ မှာဖမ်းမိတဲ့ မုးယစ်ဆေးမှုမှာ ဝန်ထမ်းနဲ့ကျောင်းသားတွေပါဝင်

၁၅ ၊ အောက်တိုဘာ ၊ ၂၀၁၈ ။

ဟင်္သာတမြို့မှာ အောက်တိုဘာ ၁၃ ရက်နေ့က တစ်ရက်တည်း မူးယစ်ဆေးကွင်းဆက်(၃)မှုဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ကျောင်းသားနှစ်ဦးနှင့် ၀န်ထမ်းတစ်ဦးအပါအ၀င် ၅ ဦးကို ဖမ်းဆီးထားထားပါတယ်။

ကွင်းဆက်တွေကို ၅ နာရီအတွင်း ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စိတ်ကြွမူးယစ်ဆေးပြား ၁၀၀ နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကသိရပါတယ်။

ယင်းအမှုမှ ဖမ်းဆီးရမိသူ ၅ ဦးကို မူးယစ်ပုဒ်မတွေနဲ့ ရဲအုပ်နေမျိုးလင်းက တရားလိုပြုလုပ်ပြီး ဟင်္သာတ အမှတ်(၁)မြို့မရဲစခန်းမှာ အမှုဖွင့်ဆောင်ရွက်ထားပါတယ်။