ပုသိမ်မြို့မစခန်းမှာ အမှုဖွင့်ခံထားရတဲ့ နှင်းအိရွှေရည်ကို ရဲက အာမခံပေးလိုက်ပြီ

၂၁ ၊ အောက်တိုဘာ ၊ ၂၀၁၈ ။

သရုပ်ဆောင်မင်းထက်ရဲ့ ဇနီး စိုးနန္ဒာကျော်က ပုသိမ်မြို့မ စခန်းမှာ နှင်းအိရွှေရည်ကို (၆၆ ဃ) နဲ့ တရားစွဲဆို ခဲ့တာပါ ။ နှင်းအိရွှေရည်က ဒီအမှုကို ဒီနေ့နေ့လည်ပိုင်းမှာ ပုသိမ်မြို့မ စခန်းမှာ လာရောက်အမှုရင်ဆိုင်ခဲ့အပြီး ရဲစခန်းက သူ့ကို အာမခံပေးလိုက်တာဖြစ်ပါတယ် ။

နှင်းအိရွှေရည်က သရုပ်ဆောင်မင်းထက်ကို ကာမလိမ်လည်မှုနဲ့
တရားစွဲဆိုတဲ့အမှုကြောင့် မင်းထက်တို့ ဇနီးမောင်နှံဟာ လူအများရဲ့ ဝေဖန်ပစ်တင်မှုတွေခံခဲ့ရအပြီးနှင်းအိရွှေရည်ရဲ့ လူမှုကွန်ယက်မှာတင်ခဲ့တဲ့ ပိုစ့်နဲ့ ပါတ်သက်ပြီး မင်းထက်ရဲ့ ဇနီးကအခုလို ပြန်လည်တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ် ။