လေဖိအားနည်းရပ်ဝန်းကြောင့် ပုသိမ်မြို့မှာ မိုးသည်းထန်စွာရွာ

၂၃ ၊ အောက်တိုဘာ ၊ ၂၀၁၈ ။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပွားခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ပုသိမ်မြို့မှာ မနေ့ကနဲ့ ဒီနေ့တွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ် ။ လက်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ နဲ့ပါတ်သက်ပြီး ကမ်းနီးကမ်းဝေး ငါးဖမ်းရေယဉ်တွေနဲ့ မြစ်တွင်းသွားခရီးသည်တင်ရေယဉ်တွေအတွက် သတိပေးစာ ထုတ်ပြန်ထားတယ်လို့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။

ဒီနေ့ မွန်းလွဲ ၁နာရီခွဲ တိုင်းထွာချက်တွေအရ လေဖိအားနည်းရပ်ဝန်းက အားပျော့သွားပြီလို့ မိုးဇလဦးစီးဌာန က ထုတ်ပြန်ကြေငြာထားပါတယ် ။ ဒါပေမယ့် ညနေပိုင်းအချိန်အထိ ပုသိမ်မြို့မှာ မိုးများသည်းထန်စွာ သွန်းနေဆဲ ဖြစ်ပါတယ် ။