ရွာနားကပ်လာတဲ့ တောဆင်းရိုင်းတွေကို ဘယ်လိုမောင်းထုတ်ခဲ့ကြသလဲ

၂၃ ၊ အောက်တိုဘာ ၊ ၂၀၁၈ ။

ပုသိမ်မြို့ နယ် ၊ ရှောပြာအုပ်စု ၊ ဝါးဘိုးကျေးရွာ အနီး ၁ မိုင်ခန့်အကွာကို တောဆင်ရိုင်း ၆ ကောင်ပါ တစ်အုပ် နဲ့ ၁၅ ကောင်ပါ တစ်အုပ် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ် ။

ဒီတောဆင်ရိုင်းတွေကို မြန်မာသစ်လုပ်ငန်း EERU အရေးပေါ်ကွန်ဂျီဆင်များ အဖွဲ့ခေါင်းဆောင် ဒေါက်လင်းလင်းထွန်း နှင့်အတူ ဒုရဲအုပ်ဟိန်းဇော်ထွန်း(သစ်တောရဲ) ဦးဆောင်ပြီး နယ်မြေရဲ ၊ သစ်တောရဲ အုပ်ချုပ်ရေး အဖွဲ့တွေ ၊ ဒေသခံ ပြည်သူတွေ ပူးပေါင်းပြီး အောက်တိုဘာလ ၂၁ ရက်နေ့က သွားရောက်မောင်းထုတ်ခဲ့ကြတာ ဖြစ်ပါတယ် ။