နိုင်ငံတော်သမ္မတရဲ့ ပထမဦးဆုံး အိမ်ပြန်ခရီး

၂၇ ၊ အောက်တိုဘာ ၊ ၂၀၁၈ ။

ဧရာဝတီတိုင်းသား နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ ရှေ့နေဦးဝင်းမြင့်က သူရဲ့နိုင်ငံရေးခရီးကြမ်းကြီးကို ဖြတ်သန်းပြီးတဲ့ နောက် ၂၀၁၈ မတ်လထဲမှာ နိုင်ငံတော်သမ္မတတာဝန်ကို စတင်ထမ်းဆောင်တာဝန်ယူနိုင် ခဲ့တာ ဖြစ်ပါတယ် ။ အခုခရီးစဉ်ကတော့ သူသမ္မတဖြစ်ပြီးနောက်ပိုင်းမှာ ပထမဦးဆုံးအကြိမ် ဧရာဝတီတိုင်းဒေသကြီးကို ပြန်လည်ရောက်ရှိလာတဲ့ အိမ်ပြန်ခရီးပဲ ဖြစ်ပါတယ် ။နိုင်ငံတော်သမ္မတကြီးရဲ့ အိမ်ပြန်ခရီးကို ပုသိမ်သူပုသိမ်သားတွေက ဝမ်းပန်းတသာသောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ် ။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဒီနေ့မနက်ပိုင်း ပုသိမ်မြစ်ကူးတံတား အမှတ် ၂
ပန္နက်တော်တင် ၊ တွင်းတော်ဝန်း အခမ်းအနားကို တက်ရောက်ခဲ့ပါတယ် ။
ဒီနေ့ မွန်းလွဲ ၁ နာရီမှာ ပုသိမ်မြို့တော်ခန်းမမှာ ပြုလုပ်မယ့် မဏ္ဍိုင် ၃ ရပ် တွေ့ဆုံပွဲ အခမ်းအနားကိုလည်း တက်ရောက်သွားမှာ ဖြစ်ပါတယ် ။