ပုသိမ်ကုတင် ၅၀၀ ဆေးရုံကြီးကို ဥပဒေနှင့်အညီ အမြန်ဆုံးပြီးစီးဖို့ သမ္မတညွှန်ကြား

၂၉ ၊ အောက်တိုဘာ ၊ ၂၀၁၈ ။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ ပုသိမ်ခရီးစဉ် ဒုတိယနေ့မှာ ဆောက်လုပ်မှုမပြီးသေးတဲ့ ကုတင် ၅၀၀ ဆေးရုံကြီးကို ဝင်ရောက်ကြည့်ရှုခဲ့အပြီး ဥပဒေ နှင့် အညီ အမြန်ဆုံးပြီးအောင် ဆေက်လုပ်ဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။သမ္မတရုံးက ထုတ်ပြန်ထားတဲ့ ၁/၂၀၁၇ တင်ဒါစည်းမျည်းအတိုင်း ဆောင်ရွက်ဖို့ သမ္မတကြီးက ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ် ၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက Delta News Agency ကိုဖြေကြားခဲ့ပါတယ်။