မိုခါဝင်ရောက်လာပြီး ရခိုင်ပြည်နယ်အတွင်းကအပျက်အစီးမြင်ကွင်းများ

မေ၊ ၁၄

ဒီကနေ့ မေလ ၁၄ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို မိုခါမုန်တိုင်းဝင်ရောက်လာပြီးနောက်စစ်တွေ၊ မြေပုံ၊ မင်းပြား မြို့နယ်တွေမှာ မုန်တိုင်းကြောင့် အပျက်အစီးတွေဖြစ်ခဲ့တာကိုတွေ့ရတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။

လက်ရှိ မုန်တိုင်းကြောင့် စစ်တွေအပါအဝင်နေရာတော်တော်များများမှာ တယ်လီဖုန်းလိုင်းတွေဆက်သွယ်မှုပြတ်တောက်ခဲ့ပြီး ဒေသခံတချို့နဲ့ ကယ်ဆယ်ဖို့ သွားတဲ့ ပရဟိတသမားတချို့ပါပိတ်မိနေတယ်လို့ ဒေသတွင်းမီဒီယာတချို့မှာဖော်ပြနေပါတယ်။

DNA က ဆက်သွယ်ရာမှာလည်း စစ်တွေဒေသခံတွေနဲ့ ပရဟိတအသင်းတွေရဲ့အားလုံးဆက်သွယ်လို့မရတဲ့အခြေအနေဖြစ်နေပါတယ်။

မိုးလေဝသပညာရှင်တွေကတော့ ရခိုင်ပြည်နယ်မှာဝင်ရောက်နေတဲ့ မိုခါမုန်တိုင်းဟာညပိုင်းမှာဒီလှိုင်းတွေပိုပြီးအရှိန်မြင့်လာနိုင်တဲ့အခြေအနေကိုသတိပေးထုတ်ပြန်ထားပါတယ်