မိုးသည်းထန်မှုကြောင့် မန်းချောင်းရေလျှံပြီး မန်းရွှေစက်တော်ရေလွှမ်းနေ May 14, 2023 ဒေသအလိုက် သတင်းကဏ္ဍ မေ၊ ၁၄ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်မှာရှိတဲ့ မန်းရွှေစက်တော်မှာ မိုးသည်းထန်မှုကြောင့် မန်းချောင်းရေကျော်ပြီး ရေကြီးရေလျှံမှုဖြစ်နေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။ ဒီကနေ့ မေလ ၁၄ ရက်နေ့မှာ အလွန့်အလွန်အားကောင်းတဲ့ ဆိုက်ကလုန်းမုန်တိုင်း မိုချာဟာ ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲခန့်အချိန်မှာ စူပါဆိုက်ကလုန်းအဆင့်လွန် အဆင့်အဖြစ်နဲ့ မုန်တိုင်းဗဟိုလေတိုက်နှုန်း တစ်နာရီကို ၁၆၇ မိုင် အထက်နဲ့ ရခိုင်ကမ်းရိုးတမ်းဒေသကိုရောက်ရှိမှာဖြစ်ပြီး မုန်တိုင်းစတင်ဝင်ရောက်နေပြီဖြစ်ပါတယ်။ အဲဒီမုန်တိုင်းအရှိန်ကြောင့် ကုန်တွင်းပိုင်းဒေသတွေဖြစ်တဲ့ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး စတဲ့တိုင်းဒေသကြီးတွေမှာ မိုးရွာသွန်းမှု အားကောင်းနေပြီး လေပြင်းတိုက်ခတ်မှုနဲ့ ရေကြီးရေလျှံမှုတွေဖြစ်နေပါတယ်။ မကွေးမင်းဘူးမန်းရွှေစက်တော်ရေလျှံ
ဒေသအလိုက် သတင်းကဏ္ဍ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းကို တိုက်ခိုက်၊ စခန်းမှူးအပါအဝင် ၅ ဦးသေ February 24, 2022 ဒေသအလိုက် သတင်းကဏ္ဍ မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ရေပြာရဲစခန်းကို ဒေသခံတော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ယမန်နေ့ညနေ့ ၄ နာရီလောက်က ပေါက်မြို့နယ် ရေပြာရဲစခန်းကို မြိုင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ ပေါက်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ နဲ့မဟာမိတ် [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ မကွေးလေတပ်စခန်း ဗုံးခွဲတိုက်ခိုက်ခံ August 8, 2021 ဒေသအလိုက် သတင်းကဏ္ဍ, နိုင်ငံရေး ၈၊ ဩဂုတ်လ၊ ၂၀၂၁။ ဒီနေ့မနက်ပိုင်းက မကွေးမြို့လေတပ်စခန်း ဗုံးခွဲတိုက်ခိုက်ခြင်းခံခဲ့ရတယ်လို့ အနီးကျေးရွာခံတွေဆီက သိရပါတယ်။ ဩဂုတ်လ ၈ရက်နေ့ မနက်၂နာရီမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီးနောက် မနက် ၄နာရီတွင် နောက်ထပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ “ပေါက်ကွဲသံကြီးကတော့ အတော်ကျယ်ကျယ်ကြီး ကြားလိုက်ရတယ်၊ အတွင်းပိုင်းကဆိုတော့ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး ပခုက္ကူ-ရေစကြိုလမ်းမှာ စစ်ကားနှစ်စီးကို PDF တိုက်ခိုက်တာမှာ ဆယ်ဦးသေဆုံး၊ လက်နက် ၇ လက် ရရှိတယ်လို့ထုတ်ပြန် February 7, 2023 နိုင်ငံရေး မကွေးတိုင်း၊ ပခုက္ကူ-ရေစကြိုလမ်းမှာ စစ်ကောင်စီစစ်ယာဉ်နှစ်စီးကို ဒီလ ၄ ရက်က ပြည်သူ့ကာကွယ်ရေးတပ်၊ ပခုက္ကူခရိုင်တပ်ရင်း ၃ က တိုက်ခိုက်ခဲ့တာ ၁၀ ဦးသေဆုံးတယ်လို့ ဒေသခံတွေနဲ့ အဲဒီတပ်ရင်းကေ ပြာပါတယ်။ ‘’တိုက်ပွဲက ငါးမိနစ်ဝန်းကျင်ပဲကြာတယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိပါဘူး’’ [ဆက်လက်ဖတ်ရှုရန်]