ဧပြီ၊ ၂၂
စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်က ပျူစောထီးရွာတခုဖြစ်တဲ့ မအူရွာက စစ်စစခန်းတခုကို အခုလ ၁၀ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကလေးခရိုင် PDF အမှတ် (၁၁)တပ်ရင်း MKPDF2 က ဒီက နေ့ထုတ်ပြန်ပါတယ်။
လက်ရှိအချိန်မှာလည်း နယ်မြေစိုးမိုးမှုတွေ ဆက် တိုက် ဆက်လုပ်နေပြီး စစ်ကောင်စီရဲ့အရေးပေါ် ရဟတ်ယာဥ်ကွင်းနှစ်ခုကိုလည်းဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တဲ့နေရာတွေကို ရှောင်ရှားကြဖို့နဲ့ သတိပေးထုတ်ပြန်ချက်တွေကို လိုက်နာပူးပေါင်းပေးကြဖို့လည်း အသိပေးထားပါတယ်။