တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ March 2, 2023 နိုင်ငံရေး မတ်၊ ၂ အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ ဒီကနေ့မှာ တောင်ကိုရီးယားနိုင်ငံမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသလို ရန်ကုန်မြို့မှာလူငယ်တွေက ပျောက်ကြားသပိတ် ဆင်နွဲခဲ့ကြပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲက ကလေးမြို့၊ မုံရွာ၊ လက်ပံတောင်းဒေသ၊ ချင်းတွင်းဒေသ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ မြောင်၊ ဘုတလင် စတဲ့ မြို့နယ်တွေမှာ သပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြသလို မန္တလေးပြည်ကြီးတံခွန်၊ မကွေးတိုင်း မြိုင်နဲ့ ထားဝယ်လောင်းလုံဒေသမှာလည်း သပိတ်လှုပ်ရှားမူတွေပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် သံဃတော်လှန်ရေးအင်အားစုတွေနဲ့ ကျောင်းသားတော်လှန်ရေးအင်အားစုတွေကလည်း လက်ရှိအချိန်အထိ သပိတ်လှုပ်ရှားမှုတွေ လုပ်နေကြဆဲ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဒေသအသီးသီးမှာ ဒီကနေ့ ထုတ်ဖော်ပြသခဲ့ကြတဲ့ သပိတ်လှုပ်ရှားမှု ပုံရိပ်တွေထဲကတချို့ကို DNA က စုစည်းဖော်ပြပေးလိုက်ပါတယ်။ Photo – သပိတ်ကော်မတီများ လူထုသပိတ်
နိုင်ငံရေး ကနီမြို့နယ်ထဲက စစ်အာဏာရှင်ဆန့်ကျင်ရေးအလှူ February 19, 2023 နိုင်ငံရေး ကနီမြို့နယ်ထဲက ကျေးရွာတခုမှာလုပ်တဲ့ အလှူတခမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုလုပ်ခဲ့ကြတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းတာ ၂နှစ်ကျော်ကြာခဲ့ပေမယ့် စစ်တပ်က စစ်ကြောင်းထိုးဖိနှိပ်နေတဲ့ စစ်ကိုင်းတိုင်းထဲမှာဒေသခံတွေက စစ်အာရှင်ဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေကို ပုံစံမျိုးစုံနဲ့ဆက်ပြီးပြုလုပ်နေကြပါတယ်။ Photo – Pyae Aung Naing Kani
နိုင်ငံရေး တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ March 11, 2023 နိုင်ငံရေး မတ်၊၁၁ “ငါမထွက်ဘဲနေလို့ ငါ့လိုလူတွေများနေရင် ဒီမိုကရေစီရမှာမဟုတ်တော့ဘူး” အာဏာသိမ်းကာလအစောပိုင်းက ဒီစကားလုံးတွေကို လူမှုကွန်ရက်ကတဆင့်သိရ၊ကြားရပြီး ဝမ်းနည်း၊ မျက် ရည်ကျခဲ့ဖူးပါသလား။ အဲ့ဒီစကားပြောခဲ့တဲ့ ကိုချစ်မင်းသူကျဆုံးတာ ဒီကနေ့မှာ နှစ်နှစ်ပြည့်ပါပြီ။သွေးစွန်းနေတဲ့ အမည်းရောင် ကျောပိုး အိတ်တလုံး၊သပိတ်စစ်ကြောင်းမှာ အကာအကွယ်ရလိုရငြား အသုံးပြုခဲ့တဲ့ အသုံးအဆောင်တချို့ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ March 7, 2023 နိုင်ငံရေး အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန် တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း ဆက်ရှိနေပါတယ်။ ဒီကနေ့ တောင်ကိုရီးယားနိုင်ငံရောက်မြန်မာတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး NUG ကိုထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသလို [ဆက်လက်ဖတ်ရှုရန်]