တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ February 28, 2023 နိုင်ငံရေး ဖေဖော်ဝါရီ၊ ၂၈ အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ ဒီကနေ့ တောင်ကိုးရီးယားနိုင်ငံရောက်မြန်မာတွေက စစ်အာအာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်မြို့က တော်လှန်ရေးအင်အားစုဝင် လူငယ်တွေကလည်း ရန်ကုန်သပိတ်မှာ ပထမဦးဆုံးကျဆုံးခဲ့တဲ့ ပြည်သူလေးဦးရဲ့ပုံပါတဲ့တီရှပ်တွေဝတ်ဆင်ပြီးအမှတ်တရ လှုပ်ရှားမှုတွေလုပ်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲက ကလေးမြို့၊ မုံရွာ၊ လက်ပံတောင်းဒေသ၊ ချင်းတွင်းဒေသ၊ ယင်းမာပင်၊ ဆားလင်းကြီး စတဲ့ဒေသတွေနဲ့ မကွေးတိုင်း ပခုက္ကူ၊ မြိုင် မြို့နယ်တွေမှာ သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် သံဃတော်လှန်ရေးအင်အားစုတွေနဲ့ ကျောင်းသားတော်လှန်ရေးအင်အားစုတွေကလည်း လက်ရှိအချိန်အထိ သပိတ်လှုပ်ရှားမှုတွေ လုပ်နေကြဆဲ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဒေသအသီးသီးမှာ ဒီကနေ့ ထုတ်ဖော်ပြသခဲ့ကြတဲ့ သပိတ်လှုပ်ရှားမှု ပုံရိပ်တွေထဲက တချို့ကို DNA က စုစည်းဖော်ပြပေးလိုက်ပါတယ်။ Photo – သပိတ်ကော်မတီများ လူထုသပိတ်
နိုင်ငံရေး ထားဝယ်သပိတ်ခေါင်းဆောင်ရဲ့ ဖခင်ဖြစ်သူ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံရ August 25, 2023 နိုင်ငံရေး သြဂုတ်၊ ၂၅ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် သပိတ်ခေါင်းဆောင် ကိုမင်းလွင်ဦးရဲ့ ဖခင်ဖြစ်သူ ဦးအောင်ဖေကို စစ်ကောင်စီတရားရုံးက သြဂုတ်လ ၂၃ ရက် မှာ ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ” [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ February 4, 2023 နိုင်ငံရေး အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ ဒီကနေ့ သြစတေးလျနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံမှာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြသလို ရန် ကုန်မြို့မှာလည်းစာတန်းချိတ်ဆွဲပြီးပျောက်ကြားသပိတ်ဆင်နွဲတာအပြင် စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး ကနီမြို့နယ်ထဲက စစ်အာဏာရှင်ဆန့်ကျင်ရေးအလှူ February 19, 2023 နိုင်ငံရေး ကနီမြို့နယ်ထဲက ကျေးရွာတခုမှာလုပ်တဲ့ အလှူတခမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုလုပ်ခဲ့ကြတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းတာ ၂နှစ်ကျော်ကြာခဲ့ပေမယ့် စစ်တပ်က စစ်ကြောင်းထိုးဖိနှိပ်နေတဲ့ စစ်ကိုင်းတိုင်းထဲမှာဒေသခံတွေက စစ်အာရှင်ဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေကို ပုံစံမျိုးစုံနဲ့ဆက်ပြီးပြုလုပ်နေကြပါတယ်။ Photo – Pyae Aung Naing Kani