ဆိပ်ဖြူတိုက်ပွဲမှာ PDF ဒုတပ်စိတ်မှူးတဦးကျဆုံး

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်က ကျေးရွာတစ်ရွာကို စစ်ကြောင်းထိုးပြီးပြန်ထွက်လာတဲ့ စစ်ကောင်စီစစ် ကြောင်းနဲ့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ အခုလ ၁၄ရက်က တိုက်ပွဲဖြစ်ရာမှာ PDF ဒုတပ်စိတ်မှုတဦးကျဆုံးပြီး တဦးဒဏ်ရာရခဲ့တယ်လို့ PDF တပ်ရင်း ၇၁၂ က တပ်ခွဲမှူး ကျွဲ ကြီးက DNA ကိုပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၄၀ ကျော်ပါတဲ့ စစ်ကားနှစ်စီးဟာ ဖေဖော်ဝါရီ ၁၄ရက်က ဒေသတွင်းကျေးရွာတရွာကိုစစ်ကြောင်းထိုးပြီးပြန်အထွက်မှာ ပြည်သူ့စွမ်းအားတပ်ပေါင်းစု-PPC (ပခုက္ကူခရိုင် အမှတ်(၁၁)တပ်ရင်း)က မိုင်းကိုးလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီစစ်ကြောင်းဘက်က ပစ် ခတ်တဲ့အတွက်နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီးစစ်ကောင်စီဘက်က စစ်ကူထပ်ရောက်လာကာတိုက်ခိုက်တာကြောင့် တိုက်ပွဲဟာ ၃၅မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးသူများတယ်လို့ တပ်ရင်း ၇၉၂-ပြည်သူ့စွမ်းအားတပ်ရဲ့ခွဲမှူး ကျွဲကြီးက ပြောပါတယ်။

“ဗိုလ်တယောက်၊အရာခံဗိုလ်တယောက်နဲ့တပ်ကြပ်နဲ့ဒုတပ်ကြပ်တွေအပါအဝင် အယောက် ၂၀လောက် သေတယ်လို့  သိရတယ်၊၂၈ယောက်လောက် ဒဏ် ရာရသွားတယ်လို့ သိရပါတယ်”လို့ သူကပြောပါတယ်။

ဒီအချက်အလက်တွေကိုတော့ DNA ကသီးခြားအ တည်မပြုနိုင်ပါဘူး။

အင်အားမမျှတဲ့အတွက် ဒေသကာကွယ်ရေးအဖွဲ့တွေပြန်လည်ဆုတ်ခွာချိန်မှာ ဒုတပ်စိတ်မှူးကျဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒဏ်ရာရခဲ့တဲ့ တပ်ဖွဲ့ဝင်တဦးကတော့မစိုးရိမ်ရဘူးလို့ဆိုပါတယ်။

Photo – PPC

ပုံစာ – ကျဆုံးခဲ့တဲ့ ဒုတပ်စိပ်မှူးနဲ့ စျာပနအခမ်းအနား