မင်းတုန်းမှာစစ်ကောင်စီသတင်းပေးဆိုသူပစ်သတ်ခံရ

မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ် လက်ပွကျေးရွာမှာနေထိုင်တဲ့ စစ်ကောင်စီ သတင်းပေးဆိုသူ ဦးစိုးငြိမ်းကို ဒီဇင်ဘာ (၁၅)ရက် မနက်ပိုင်းမှာ ပစ်ခတ်ခဲ့ပြီး နေရာမှာပဲသေဆုံးသွားတယ်လို့သရက်၊ကံမ ၊မင်းတုန်းပူးပေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Eagle Force)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အဲ့ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး စစ်ဆေးဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကိုလည်း  မိုင်းဆွဲတိုက်ခိုက်ခဲ့ တယ်လို့ဆိုပါတယ်။

“မနက်အစောပိုင်းရွာထဲကအထွက်မှာပစ်ခတ်ရှင်းလင်းခဲ့တာ၊ နေရာတင်ပွဲချင်းပြီးသေတယ်၊ နှစ်နှစ်ရီလောက်အကြာမှာ စစ်ဆေးဖို့လာတဲ့ စခ၊ရခတွေကားနဲ့တက်လာတာကို စောင့်ကြိုပြီးမိုင်းဆွဲတိုက် ခိုက်ခဲ့တယ်”လို့ Eagle Force တပ်ဖွဲ့သတင်းပြန် ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကားပျက်စီးသွားပြီး ကားပေါ်ပါလာတဲ့တပ်ဖွဲ့ဝင်တွေထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဆိုပါတယ်။

မနေ့က ပစ်ခတ်ခံရတဲ့ ဦးစိုးငြိမ်းဟာ စစ်ကောင်စီဒေါက်တိုင်သတင်းပေး တဦးဖြစ်ပြီးသူ့ရဲ့သတင်း ပေးလမ်းပြမှုကြောင့် သရက်၊ ကံမ၊ မင်းတုန်းပူးပေါင်းတပ် ဖွဲ့ဝင်တွေရဲ့ စခန်းတချို့ ပြီးခဲ့တဲ့ဩဂုတ်လအတွင်း တိုက် ခိုက်ခံရပြီးပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ် ဦးနဲ့ ဒေသခံအရပ်သားတဦးသေဆုံးခဲ့သလို ဒေသခံ လေးဆယ်ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ EagleForce ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

“အဲ့ဒီလူကအတော်ဆိုးတယ်၊သူပဲဒီနယ်မှာစစ် ကောင်စီနဲ့ပေါင်းပြီးပတ်မွှေနေတာ၊ ကျန်ခဲ့တဲ့ တော်လှန်ရေးသမားမိသားစုတွေဆို အမျိုးမျိုး ဒုက္ခပေးတယ်၊ထောက်ပို့လုပ်နေတယ်ဆိုပြီးခေါ်ဖမ်းခိုင်းတယ်၊အိမ်မှာဘယ်သူမှမကျန်အိမ်ချွတ် ယူတယ်၊ကိုယ့်နွားရောင်းချင်ရင်တောင်သူ့သတင်းပေးပြီးမှရောင်းရတယ်”လို့ မင်းတုန်းဒေသခံ တဦးကပြောပါတယ်။