စစ်ကောင်စီက ဖမ်းဆီးကာ ထောင် နှစ်နှစ်ချမှတ်လိုက်တဲ့ အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်ကို ခြွင်း ချက်မရှိပြန်လွှတ်ပေးဖို့အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)က တိုက် တွန်းထုတ်ပြန်လိုက်ပါတယ်။
ကိုသက်နှင်းအောင်ကိုဖမ်းဆီးထားချိန်ကတည်းကပြန်လွှတ်ပေးဖို့ ILO ကအကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် စစ် ကောင်စီကအလေးမထားဘဲထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ်စိုးရိမ်ပူပန်တယ်လို့လည်းဒီဇင်ဘာ(၈)ရက်ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။
“ILOရဲ့တောင်းဆိုချက်ကို စစ်ကောင်စီအနေနဲ့လေး စား လိုက်နာဖို့ပြောချင်တယ်”လို့ MICS-TUsF တာ ဝန်ရှိသူတ ဦးကပြောပါတယ်။
ကိုသက်နှင်းအောင်ဟာအလုပ်သမားအရေးကိုသာလုပ်ကိုင်နေသူဖြစ်ပြီး စစ်ကောင်စီကစွပ်စွဲထားသလို ပြစ်မှု ကျူးလွန်ထားမရှိဘူးလို့ လည်းသူကဆိုပါတယ်။
မြန်မာနိုင်ငံ စက်မူ၊လက်မှုနှင့် ဝန်ဆောင်မူလုပ်ငန်း ပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) ရဲ့အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်တဲ့ ကိုသက်နှင်း အောင်ကိုစစ်ကောင်စီက ဒီဇင်ဘာ (၅)ရက်မှာ မတရား အသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)အရ ထောင်နှစ် နှစ်နဲ့ ငွေဒဏ်ကျပ် နှစ်သောင်း ချမှတ်လိုက်တာဖြစ်ပါတယ်။
ILOကတော့ အလုပ်သမားအဖွဲ့အစည်းတွေကိုဖိနှိပ်တာ၊ အလုပ်သမားအရေးလှုပ်ရှားသူတွေကို ဖမ်း ဆီးထော င်ချတာတွေမလုပ်ဖို့ကိုလည်းစစ်ကောင်စီကိုသတိပေး ထားပါတယ်။
လက်ရှိမှာ စစ်အာဏာသိမ်းကာလအတွင်း အလုပ်သ မား တွေလွတ်လပ်စွာအသင်းပင်းဖွဲ့စည်းခွင့်ချိုးဖောက်ခံနေရတာနဲ့ပတ်သက်လို့ ILOက စုံစမ်းစစ် ဆေးရေး ကော်မရှင် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမူတွေလုပ်နေကာ မကြာခင် မြန်မာနိုင်ငံအပေါ်အရေးယူမှုအဆုံးအဖြတ်ထွက်လာဖို့ရှိနေပါတယ်။