လက်နက်ကိုင်တပ်တွေဝန်းရံခဲ့တဲ့ ကလေးမြို့ ပင်မသပိတ်

ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ ကလေးမြို့ခံပြည်သူတွေဟာ နိုဝင်ဘာ (၁၄) ရက် ဒီကနေ့မနက်ပိုင်းမှာ ဒေသခံလက်နက်ကိုင်တပ်တွေဝန်းရံပြီး စစ်အာဏာရှင်ကိုဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

အဲ့ဒီလို ဆန္ဒပြရာမှာ “စစ်ပုံကျကျပြင်ဆင် ဖက်ဆစ်တပ်ကို အမြစ်ဖြတ်”စာတမ်းကိုင်ဆောင်ပြီး ကြွေး ကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။

” ဒီနေ့မနက်ရော၊ မနေ့ ညကရော (၁၀၂) နှစ်ပြည့် အမျိုးသားနေ့အောင်ပွဲအကြို လူထုလှုပ်ရှားမှု အဖြစ်ပြုလုပ်ခဲ့ကြတာပါ၊ ဟောပြောပွဲတွေမပါပဲ အင်တိုက်အားတိုက်သပိတ်ဆင်နွဲခဲ့ကြတာ” လို့ သပိတ်ခေါင်းဆောင်တစ်ဦးကပြောပါတယ်။

ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဟာ စစ်အာဏာသိမ်းကတည်းက စစ်အာဏာရှင်ကို ပျက်ရက်မရှိ ဆန့်ကျင်သပိမှောက်ခဲ့ကြတာဖြစ်ပြီး ဒီကနေ့မှာ (၆၄၅) ရက်မြောက် သပိတ်စစ်ကြောင်းထွက်တာဖြစ်ပါတယ်။