စကစ လေကြောင်းရန်က တကယ်စိုးရိမ်စရာလား ဖန်တီးနေတဲ့ Panic Shock လား


အမေရိကန်-ဗီယက်နမ် စစ်ပွဲမှာ အမေရိကန်ဟာ ၈ နှစ်အတွင်း ဗုံးတန်ချိန် ၈သန်းကြဲချခဲ့ပါ တယ်။ ဒီပမာဏဟာ ဒုတိယကမ္ဘာစစ်အတွင်းက ကြဲချခဲ့တဲ့ဗုံးအရေအတွက်စုစုပေါင်းတန်ချိန်ထက် များတယ်လို့ဆိုပါတယ်။ B 52 မဟာဗျူဟာမြောက်ဗုံးကြဲလေယဉ်ကြီးတွေ အသုံးပြုပြီး အကြိမ်ရေ ၃သောင်းလောက်ကြဲချခဲ့တယ်ဖတ်ရပါတယ်။

ဗီယက်နမ်ရဲ့အမေရိကန်စစ်ဗိုလ်ချုပ်ကြီး ဝတ်စ်မိုးလင်းက လေကြောင်းကဗုံးကြဲရဟတ်ယာဉ် များစွာ အသုံးပြုပြီး လျှင်မြန်စွာတပ်ရွေ့ပြောင်း၊ တောင်ကုန်းတွေပေါ်မှာလက်နက်ကြီးအခြေစိုက်စခန်း တွေထား ပြီး ရှာဖွေချေမှုန်းဆိုတဲ့ နည်းဗျူဟာကိုအားသာပါတယ်။အသုံးချပါတယ်။

ဝတ်စ်မိုးလင်းရဲ့ နည်းဗျူဟာအစမှာ အောင်မြင်သလိုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့အချိန်ကြာလာတဲအခါ ဗီယက်ကောင်းပျောက်ကျားတွေဟာ သေးငယ်ကျစ်လစ်တဲ့ အစုလေးတွေအဖြစ်ဖြန့်ခွဲသွားကြပြီး အတည်တကျမနေပဲလှည့်လည်သွားလာ ချောင်းမြောင်းတိုက်ခိုက်တဲ့နည်းကိုပြောင်းလဲကျင့်သုံးလာ ကြပါတယ်။ ဗိုလ်ချုပ်ကြီးဝတ်စ်မိုးလင်းက ဗုံးကျဲခြင်းကြောင့်အတည်တကျပစ်မှတ်တွေ ပျောက်သွား ပြီလို့ သုံးသပ်လာပါတယ်။အခြေစိုက်စခန်းတွေမထားတော့ပဲဖြန့်ခွဲ၊ လှုပ်ရှားအစုအဖွဲ့လေးတွေ ဖြစ် သွားတယ်၊ လက်နက်၊ခဲယမ်းမီးကျောက်၊ ရိက္ခာ၊ စွမ်းအင်လောင်စာတွေကို တစ်နေရာထဲမှာ စုပြုံ မထားတော့ဘဲဖြန့်ခွဲသိုဝှက်သိမ်းဆည်းလာကြတယ်ဆိုပါတယ်။

ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်တွေဟာအင်မတန် ပြင်းထန်တဲ့ မီးလောင်ဗုံးတွေ၊နပန်းဗုံးတွေ၊ ပေါင်ရာချီတဲ့ဗုံးကြီးတွေအသုံးပြု့ခဲ့ပါတယ်။ဗီယက်ကောင်းပျောက်ကျားတွေခိုအောင်းလို့မရအောင်ဓါတုဗုံးတွေ၊ ရွက်ချွေဗုံးတွေတန်ချိန်သိန်းချီအသုံးပြု့ခဲ့ပါတယ်။ ဗီယက်နမ်မှာ အမေရိကန်တို့အသုံးပြု တဲ့ဗုံးတွေရဲ့ ပြင်းအားကို တောင်ကုန်းတွေထိပ်ကိုကျတဲ့ဗုံးတစ်လုံးဆိုရင် ပေ ၃၀၀ပတ်လည်လောက်ရှိ တဲ့ ကျင်းကြီး ဖြစ်သွားပြီး၊ တောင်ထိပ်မှာ
ငါးမွေးကန်လုပ်လို့တောင်ရတယ်လို့ တင်စားပြပါတယ်။ဒီလိုလေကြောင်းကနေ အကန့်အသတ်မရှိ့ဗုံးတွေ ကြဲနေတဲ့အတွက် ဗီယက်ကောင်းပြောက်ကျားတွေဟာ ကျစ်လစ်တဲ့ အစုအဖွဲ့ငယ်တွေခွဲဖြန့်ရင်း၊ လှုပ်ရှားပြောက်ကျားစစ်ဆင်ရေးပိုမိုတိုးမြင့်လာသလို ဗုံးကြဲဖို့ သတင်းကြားတာနဲ့ တစ်ဦးနဲ့တစ်ဦး ပေ ၁၀၀ စီအကွားအဝေးထိဖြန့်ခွဲလိုက်ပါတယ်။

အမေရိကန်တွေဟာ ကြဲချတဲ့ဗုံးပမာဏနဲ့ ထိရောက်မှု အချိုးမမျှတဲ့အတွက်ကုန်ကျစားရိပ်ကြီး တဲ့ဒဏ်ကို ရေရှည်မှာမခံ နိုင်ဖြစ်လာပါတယ်။ဗီယက်ကောင်းပြောက်ကျားတွေအဖို့လည်း လျင်မြန်စွာ ဖြန့်ခွဲနိုင်တဲ့အတွက်ထိခိုက်ဆုံးရှုံးမှုနဲ့ကြဲချတဲ့ဗုံးတန်ချိန်နဲ့ စာရင် ထိ့ခိုက်မှုသက်သာသွားတယ် ဆိုပါ တယ်။အမေရိကန်ရဲ့ ဗုံးကြဲ၊ လက်နက်ကြီးကုန်းတွေက ပစ်ခတ်ပြီး ရဟတ်ယဉ်များစွာနဲ့လျင်မြန်စွာ တပ်ရွေ့၊ ရှာဖွေတိုက်ခိုက်နည်းဗျူဟကြောင့် ဆက်သွယ်ရေးလိုဏ်ခေါင်းများတူးဖော်ကာ တပ်ဖျောက် ထားကြပြီး၊ ရဟတ်ယဉ်နဲ့ ချလာတဲ့အမေရိကန်တပ်တွေကိုအလစ်အငိုက်ယူတိုက်ခိုက်ကြပါတယ်။

ဆက်သွယ်ရေးလိုဏ်ခေါင်းများဟာ ကီလို ၂၀ လောက်ထိ ရှည်လျားကြပြီး၊ထွက်ပေါက်(ဂယ်ပေါက်) များစွာနဲ့ မြေအောက်မှာလည်း ဝင်္ဂပါလို လမ်းသွယ်တွေရှုတ်ထွေးနေပါတယ်။ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်ရဲ့ ဗုံးတန်ချိန် ၈သန်းလောက်ကြဲချနေတဲ့မဟာဗျူဟာမြောက်ဗုံးကျဲတိုက်ခိုက်မှု၊ ရဟတ် ယာဉ်နဲ့တပ်ချရွေ့ပြောင်းမှုကို လိုဏ်ခေါင်းဆက်သွယ်ရေးမြောင်း နည်းဗျူဟာနဲ့ တက်ဖျောက်၊ အလစ်အငိုက်ယူ တန်ပြန်ခဲ့တာကိုဖတ်ရပါတယ်။

ဗီယက်နမ်ဟာ ဒိန်ဗင်ဖူးစစ်ပွဲ ပြင်သစ်ခံစစ်ကိုအနိုင်တိုက်တဲ့စစ်ပွဲကထဲက လူ၅၀၀၀၀၊တပ်မကြီး ၅တပ်အပြင်၊ လူ၂၀၀၀၀ ပါ ‌ဗော်လံတီယာ စစ်ဝန်ထမ်းတပ်ကို ဖွဲ့စည်းခဲ့ပါတယ်။စစ်ဝန်ထမ်းတပ်ဟာ သယ်ယူပို့ဆောင်ရေး (ထောက်ပို့) အပြင်၊စစ်အင်ဂျင်နီယာအလုပ်ကိုလည်း ထိရောက်စွာ လုပ်ဆောင်ခဲ့ပါတယ်။ ပြင်သစ်တို့ရဲ့ဒိန်ဗင်းဖူးခံတပ်ဟာ ချဉ်းကပ်ဖို့မလွယ်ပဲ၊ မိုင်းကွင်းများ၊ လက်နက်ကြီးများ၊ တင့်ကားများအပြင်လေကြောင်းကလည်း တောက်လျှောက် ဗုံးကြဲနေပါတယ်။ ဗီယက်နမ်တို့ဟာဝန်ထမ်းတပ်အကူအညီနဲ့ နက်ရှိုင်းတဲ့ဆက်သွယ်ရေးမြောင်းများကို ကွန်ယက်လိုရှုတ်ထွေးနေအောင်တူးရင်း ချဉ်းကပ်သွားရာမှာ တစ်ဖက်နဲ့တစ်ဖက် စကားပြောသံကြား
ရတဲ့အထိကို ချဉ်းကပ်လာနိုင်ပါတယ်။

ဆရာလှစိုးဝေရဲ့ ဗီယက်နမ်စစ်ပွဲသမိုင်း ရက်တစ်သောင်းကြာစစ်ပွဲကို ဖတ်ရှုရာမှာအမေရိကန်လို ဗုံးတန်ချိန်သန်းချီကြဲချတာတောင်‌ ဗီယက်နမ်ပြည်သူတွေဟာ ထိပ်လန့်ကြောက်ရွံ့ မသွားပဲ ပိုမိုရဲဝံ့စွာတိုက်ခိုက်လာကြတာကိုဖတ်ရပါတယ်။ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်ရဲ့ ရဟတ်ယာဉ် ၅ ထောင်နီးပါး နဲ့ လေယာဉ်၄ထောင်နီးပါးဆုံးရှုံးခဲ့ပါတယ်။ စစ်ပွဲမှာ အသုံးချခဲ့မယ့်ရဟတ်ယာဉ်၊ လေယာဉ်စုစုပေါင်းဟာ သောင်းချီမှာဖြစ်ပါတယ်။

ယခုမြန်မာနိုင်ငံစစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးတိုက်ပွဲမှာ စကစ ဟာ‌ လေကြောင်းဗုံးကြဲမှုများ၊ ရဟတ်ယဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ တပ်ရွေ့လျားမှုများပိုမိုအသုံးချလာတာကို တွေ့ရပါတယ်။သတင်းများအရ စကစ အသုံးပြုနိုင်တဲ့ရဟတ်ယဉ်ဟာ အစီးရေ ၃၀ ကျော်သာရှိ့ပြီး၊လေယာဉ်ရော၊ ရဟတ်ယာဉ်အားလုံးပေါင်း အစီး ၁၀၀ မရှိနိုင်ဖူးဆိုတာသေချာပါတယ်။ဒါ့အပြင် ဒီယာဉ်တွေကို မောင်းနှင်နိုင်မယ့်အရေအတွက်ဟာလည်း လက်တစ်ဆုတ်စာပဲရှိမှာဖြစ်ပါတယ်။ လေယာဉ်ပစ်၊ ရဟတ်ယာဉ်ပစ် (ဌက်ကင်၊ ပုစဥ်းကင်) လက်နက်များ ရှိတာ၊မရှိတာ၊ ရတာ၊ မရတာကတစ်ပိုင်း ထားရမယ့်သဘော ဖြစ်ပါတယ်။ လက်တွေ့ဘာမှအရေအတွက်မရှိတဲ့ စကစ လေကြောင်းတိုက်ခိုက်မှု့၊ တပ်ရွေ့ပြောင်းမှုကိုဘယ်လိုတန်ပြန်မယ်ဆိုတဲ့ နည်းနာပိုင်းကလက်တွေ့၊ လက်ငင်းလုပ်ဆောင်ကြ မှာပဲဖြစ်ပါတယ်။

အမေရိကန်လို ‌စူပါပါဝါနိုင်ငံကြီးကနေ ဗီယက်နမ်လိုပျောက်ကျားစစ်ဆင်နွဲနေတဲ့နိုင်ငံလေးကို B 52 အပါအဝင်လေယဉ်မျိုးစုံ အသုံးပြုပြီးဗုံးတန်ချိန် (၈ သန်း)လောက်နဲ့ မဟာဗျူဟာမြောက် ဗုံးကြဲ တိုက်ခိုက်မှုကိုတောင်နည်းနာရှာဖွေပြီး ခုခံနိုင်ခဲ့ပါတယ်။ မအလ၊ စကစ၊ စစ်အုပ်စုရဲ့ အချိုအချောင်နဲ့စွမ်းရည်လျှော့ချထားတဲ့ လေတပ် အစီး (၁၀၀) တောင်မကျော်တဲ့ အင်အားလောက်နဲ့တိုက်ခိုက်မှုက တော့ စစ်ပွဲတစ်ပွဲအတွက်အဆုံးအဖြတ်အထိ အန္တရာယ်မရှိနိုင်ပါဘူး။

လေကြောင်းတိုက်ခိုက်ခံရမှု ကြောင့် ထိခိုက်ဆုံးရှုံးမှု့အချို့ စစ်ပွဲရဲ့ ပွတ်တိုက်မှုဒဏ်အဖြစ်ရှိနိုင်ပါတယ်။ ဒါပေမဲ့ စကစရဲ့ မြေပြင် တပ်ဟာ သဲအိမ်လို အချိန်မရွေးထိရာနေရာပြိုကျနေတဲ့အခြေအနေမှာ လေကြောင်းသက်သက်နဲ့စစ်တိုက်လို့မရနိုင်တာသေချာနေပြီဖြစ်ပါတယ်။စကစ လေတပ်ဟာ ကမ္ဘာစစ်ပွဲတွေစံနှုန်းအရဆို ပါမွှားပါ၊ သိပ်ပြီးအရေးပါအရာရောက်တဲ့ အခြေအနေမှာမရှိပါဘူး။ ဒါပေမဲ့မြေပြင်မှာ နလံမထူနိုင်တဲ့စကစဟာစိတ်ဓါတ်စစ်ဆင်ရေးအတွက် ပြည်သူ‌ကို အကြောက်တရားပေးဖို့လက်ယက်တွင်းမှုလတန်းကျောင်းကို ပစ်ပြတာမျိုး၊ ကချင်မှာစတိတ်ရှိုးပွဲကိုပစ်ပြတာမျိုးတွေ လုပ်ပြသလို၊ဆက်လည်းလုပ်ပြနိုင်ပါတယ်။ ဒါကိုသတိလွတ်ပြီး
စကစ လေကြောင်းရန်ကို ကြောက်ရွံ့ထိပ်လန့်၊ စိုးရိမ်စိတ်ဖြစ်အောင် တော်လှန်ရေးအင်အားစုဆိုသူတွေ၊ နိုင်ငံရေးသမားဆိုသူတွေက မလုပ်မိဖိုလိုမယ်ထင်ပါတယ်။(စကစ လေကြောင်းရန်ကိုလိုအပ်တာထက် ပိုစိုးရိမ်တဲ့ (Painc Shock )ကိုပြည်သူတွေဆီ ရောက်အောင် စကစ အလိုကျ ဝိုင်းမလုပ်မိဖို့သတိပြုသင့်ပါတယ်။)ဒါ့အပြင် စကစ လေတပ်ကို စကစကြည်းတပ်က အကာအကွယ်လုံခြုံရေးယူပေးထားတာ ဖြစ်ပါတယ်။ လေတပ်ဌာနချုပ်တွေကို အကာအကွယ်ပေးထားတဲ့ မြေပြင်တပ်တွေမရှိ့တော့တာနဲ့ လေတပ်ဟာ လေယဉ်ယူပြီးပြေးချင်ပြေး၊ မပြေးချင်ရင်လက်နက်ချဖို့လောက်ပဲရှိပါတော့တယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်လုပ်လက်နက်ကြီးတစ်ကမ်းအကွာ၊လေယာဉ်ကွင်းတွေနဲ့ သုံးလေးမိုင်ပတ်ချာလည်ကို ချဉ်းကပ်လာနိုင်ပြီးလက်လုပ်လက်နက်ကြီးတွေနဲ့ လေယာဉ်ကွင်းထဲ ကျည်ကျတဲ့အချိန် ရောက်လာတာနဲ့စကစလေတပ်ဆိုတာ ထိပ်လန့်သွေးပျက် ပြီးဆုံးခြင်းသို့ ရောက် ပြီလို့ ယုံကြည်ပါတယ်။နောင်လာမယ့် လေတပ်အသစ်ဟာ ပိုမိုစွမ်းရည်ကောင်းမွန်တဲ့ အမေရိကန်၊ဥရောပထုတ်များနဲ့ ပြောင်းလဲတပ်ဆင်မှာဖြစ်လို့ စကစရဲ့ ရုရှားနဲ့တရုတ်ထုတ်လေယာဉ်အားလုံး နှမြောစရာမလိုပဲ ဖျက်ဆီးပစ်လိုက်ဖို့ပါပဲ။

စိမ်းမောင်

ကိုးကား။ ။ရက်တစ်သောင်းကြာစစ်ပွဲ၊လှစိုးဝေ