လှိုင်မြိုနယ်မှာ စစ်ကောင်စီဗိုလ်ကြီးနဲ့ဇနီးအပါ အဝင်သုံးဦး ပစ်သတ်ခံရ

ရန်ကုန်မြို့၊လှိုင်မြို့နယ်၊ သီရိမြိုင်မှတ်တိုင်အနီးမှာ ဒီကနေ့ အောက်တိုဘာ (၂၀)ရက်၊ မနက်(၁၀) နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဗိုလ်ကြီးနဲ့ ဇနီးအပါအဝင် သုံးဦးနေရာမှာ ပဲသေဆုံး သွားတယ်လို့သီရိမြိုင်ဘူတာအနီးနေထိုင်သူတွေကပြောပါတယ်။
“ဘယ်တပ်ကလည်းတော့မသိဘူး၊သူတာဝန်ကျတာ ရှမ်းပြည်ဘက်မှာ၊သူတို့တွေက ဒီရက်ပိုင်းမှ ဒီကို ပြန်လာကြတာ၊ကျွန်တော်တို့ ပေါင်းစည်းလမ်း ထိပ်နားမှာ ဗဟိုလမ်းဘက်အခြမ်းပေါ့၊ သုံးယောက် စလုံးသေသွားတယ်၊နောက်တစ်ဦးက စစ်သားလား ဆိုတာတော့ မသိဘူး၊ကျန်တဲ့နှစ်ယောက်က ဗိုလ် ကြီးလင်မယားဆိုတာတော့ ဟုတ်တယ်”လို့ သီရိမြိုင်ဘူတာအနီးနေ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ သေဆုံးရုပ်အလောင်းတွေကို စစ်ကောင် စီတပ်က လာရောက်သယ်သွားခဲ့ပြီး ဖြစ်စဥ်အနီးက လမ်းတွေကို ပိတ်ဆို့စစ်ဆေးတာတွေအပြင် စျေးဆိုင်အချို့ကိုလည်း ပိတ်သိမ်းခိုင်းခဲ့တယ်လို့ ​ဒေသခံတွေကပြောပါတယ်။
ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကို မသိရသေးသလို သတင်းထုတ်ပြန်တာမျိုးလည်း မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်တချို့မှာတော့ သေဆုံးသူတွေဟာ ဦးမြင့်ဆွေ၊ မရတနာဦးနဲ့ အောင်ကိုမင်းတို့ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။