ဂန့်ဂေါမြို့၊ကန်ရွာအနီးမှာတိုက်ပွဲ ဖြစ်နေ

ဂန့်ဂေါမြို့နယ် ကန်ရွာအရှေ့တောင်ဘက်တဝိုက်မှာ ဂန့်ဂေါမြို့ကလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာ ကွယ်ရေးတပ်တွေ အောက်တိုဘာ (၁၇)ရက်မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန် ရေးတပ်ဖွဲ့တွေဆီက သိရပါ တယ်။
“သူတို့ဘက်ကတော်တော်ထိတယ်၊ရဟတ်ယာဥ်နှစ်စီးလည်းလာဝဲတယ်၊ပစ်တော့ပစ်မသွားဘူး၊ ကိုယ့် ဘက်က လည်း နည်းနည်းအထိအခိုက်ရှိတယ်” လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့ညနေပိုင်းအထိ ကန်ရွာထဲကိုမရောက်သေးပဲ ရွာအရှေ့ဘက် မင်း ကန်တောင် အနီးမှာ အပြန်အလှန်ပစ်ခတ် တိုက်ပွဲ ဖြစ်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲဖြစ်နေတာကြောင့် ကန်ရွာတောင်ပိုင်းက ပြည်သူတွေဟာ နေအိမ်တွေကိုစွန့်ခွာပြီး ဘုန်းကြီး ကျောင်းမှာ သွားရောက်ခိုလှုံနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
” ဒီနေ့စစ်ပြေးခဲ့ရတာ၊ အိမ်တွေတော့မီးမရှို့ သေးဘူး” လို့ ရွာခံတစ်ဦးကပြောပါတယ်။
လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ စစ်ကောင်စီစ စ်ကြောင်း ဟာ ကန်ရွာရဲစခန်းမှာ စခန်းမှူး အပြောင်းအ လဲ လုပ်ဖို့အတွက် စ ခန်းမှူးအသစ်လာပို့တဲ့ စစ်ကြောင်း ဖြစ်တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အာ းစုတွေကဆိုပါတယ်။ အဲဒီ စစ် ကြောင်းမှာ မြောက်ခင်ရမ်းရွာက ပျူစောထီး လေးဆယ်ဝန်း ကျင်လောက်ပါတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဂန့်ဂေါမြို့ ကန်ရွာ ရဲစစခန်းကရဲတွေဟာ ဒေသ တွင်းမှာ အင်အားကောင်းနေတဲ့ ယောကာကွယ် ရေးတပ်(YDF)ဒုစစ်ဦးစီးချုပ်နဲ့ တပ်ဖွဲ့ဝင်တဦးကို ပစ်သတ်ခဲ့ပြီးနောက် လတ် တလောမှာ ဒေသကာ ကွယ်ရေး တပ် တွေရဲ့ ပစ်မှတ်ထားတိုက် ခိုက်မှုနဲ့ ရင်ဆိုင်နေရပြီး စစ်ရေးတင်းမာမှုရှိနေတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ကန်ရွာရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေက ညစဉ် ပစ်ခတ် တိုက်ခိုက် တာ တွေရှိနေခဲ့ပေမယ့် အပြန်အလှန်ထိ တွေ့တိုက်ပွဲဖြစ်တဲ့အခြေအနေမရှိခဲ့ဘဲ စစ်ကောင်စီ စစ်ကြောင်း အဲ့ဒီရွာအနီး ရောက်လာချိန်မှာတော့ အပြန်အလှန်ထိတွေ့တိုက်ပွဲရှိလာတာဖြစ်ပါတယ်။