KNU သထုံခရိုင်မှာ စက်တင်ဘာလအတွင်း တိုက်ပွဲလေးဆယ်နီးပါး ဖြစ်ပြီး စစ်ကောင်စီက လေးဆယ့် ရှစ်ဦးသေ

Photo – KNU

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နယ်မြေ သထုံခရိုင်မှာ ကရင့်အမျိုးသားတပ်မတော် KNLA နဲ့ စစ်ကောင်စီ လက်အောက်ခံ တပ်တွေအကြား တိုက်ပွဲ (၃၉) ကြိမ်ဖြစ်ခဲ့ရာမှာ စစ်ကောင်စီဘက်က (၄၈)ဦးသေဆုံး ပြီး (၄၀) ကျော်ဒဏ်ရာရတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

နှစ်ဘက်ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီကား (၁၀)စီးလောက်ပျက်စီးခဲ့ပြီး MA ရိုင်ဖယ်သေနတ်နှစ်လက်၊ ခြောက်လုံးပြူး တလက်နဲ့ခဲယမ်းတချို့သိမ်းဆည်ရမိခဲ့သလို KNU ထံ လက်နက် နဲ့အတူ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား နှစ်ဦး ရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စစ်ကောင်စီတပ်တွေက ကျေးရွာတွေထဲ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ် တာတွေကြောင့် လူနေအိမ် လေးလုံး ကား တစီးပျက်စီးပြီး ရွာသူ ရွာသားတွေ မွေးမြူထားတဲ့အိမ်မွေး တိရိစ္ဆာန်သေဆုံးမှုတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်တွေဟာ စခန်းတွေတိုးချဲ့ဆောက်လုပ်ဖို့အတွက် နဲ့ ပြင်ဆင်တာတွေ လုပ်ဖို့ ဒေသခံ ပြည်သူတွေဆီက သစ် နဲ့ ဝါးတွေ အတင်းအဓမ္မတောင်းခံတာတွေရှိနေတယ်လို့လည်း KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တလအတွင်း ထိတွေ့တိုက်ပွဲ ၄၀ နီးပါးမှာ ကရင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ KNDO နဲ့ မဟာမိတ် တပ်တွေဘက်က ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျဆုံးမှုမရှိဘူးလို့ဆိုပါတယ်။