photo- CJ
မကွေးတိုင်း ထီးလင်းမြို့နယ်က ကံသာကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ နေအိမ် (၁၁)လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးတပ်တွေကပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းက အဲ့ဒီရွာကို စက်တင်ဘာလ (၂၂) ရက်ညပိုင်းမှာ (၂၃)ရက်မနက်ပိုင်းတွေမှာ မီးရှို့ဖျက် ဆီး ခဲ့တာပါ။စစ်တပ်ဟာ ကျေးရွာအတွင်းလူနေအိမ်တွေထဲက အဖိုးတန်ပစ္စည်းတွေကိုလည်း ယူဆောင်သွားကြ တယ် လို့ယောဒေသကယ်ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
သူတို့က အိမ်တွေကိုမီးရှို့ပြီး ကျနော်တို့အဖွဲ့တွေနဲ့ မပတ်သက်ဖို့ ခြိမ်းခြောက်တဲ့စာတွေ လည်းရေး ထားခဲ့တယ်” လို့ YDF ဗျူဟာမှူး သခင်ဇော်ကပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းက ကျေးရွာကိုမီးရှို့ ဖျက်ဆီးခဲ့တဲ့အပြင် နေအိမ်တစ်လုံးနဲ့ စာသင်ကျောင်းမှာ NUG၊ PDF၊ YDF တို့ကိုလက်ခံရင် ကျေးရွာတွေကို ဖျက်ဆီးပစ်မယ်လို့ အဓိပ္ပါယ်ရတဲ့ခြိမ်း ခြောက်စာတွေ ရေး သားခဲ့ တာဖြစ် ပါတယ်။
ထီးလင်းမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် စစ်ကြောင်းတလျောက် ဒေသခံပြည်သူ တွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တိုက်ပွဲတွေလည်း အချိန်မရွေးမဖြစ်ပွားနိုင်တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေ ကပြောပါတယ်။
(စစ်တပ်က မီးရှို့ခဲ့တဲ့ ကံသာကျေးရွာ)