လွိုင်ကော်အမြှောက်တပ်ကပစ်တဲ့ ၁၂၀မမ နှစ်လုံး မိုးဗြဲကစစ်တပ်ကိုပြန်ထိပြီး အများအပြားသေဆုံးနိုင်

မိုးဗြဲမြို့တိုက်ပွဲအတွင်း လွိုင်ကော်အမြှောက်တပ်က ပစ်ခတ်လိုက်တဲ့ (၁၂၀) မမ လက်နက်ကြီကျည်နှစ်လုံးဟာ မိုးဗြဲစက်တော်ရာတောင်ပေါ်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဆီပြန်ကျပြီး သေဆုံးထိခိုက်မှုအများအပြားရှိ တာကို အတည်ပြုနိုင်ခဲ့တယ်လို့ မိုးဗြဲ PDF က ထုတ်ပြန်ပါတယ်။

လက်ရှိ မိုးဗြဲမြို့မှာ နေ့စဉ်ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး မိုးဗြဲ PDF က စက်တင်ဘာ ၂၂ရက် ညပိုင်းက တိုက်ပွဲသတင်းထုတ်ပြန်ရာမှာ အဲ့ဒီလို ဖော်ပြထားတာပါ။

မနေ့က မိုးဗြဲတိုက်ပွဲဟာ နေ့လယ်နှစ်နာရီဝန်းကျင်ကနေ ညနေခြောက်နာရီလောက်အထိ ပြင်းထန်ခဲ့ပြီး မဟာ မိတ်တပ်ပေါင်းစုဘက်က စနိုက်ပါကျည်တွေထိမှန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စနိုက်ပါကျည်ထိမှန်သေဆုံးသူတချို့ရှိခဲ့တဲ့နောက် စစ်တပ်က တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက် ခိုက်ခဲ့တယ်လို့ မိုးဗြဲ PDF ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အဲ့ဒီလို တာဝေးပစ်လက်နက်ကြီးတွေ အမြောက်အများ အသုံးပြုတိုက်ခိုက်ခဲ့ပေမယ့် မဟာမိတ် တပ်တွေ ဘက်က ထိခိုက်မှုမရှိဘဲ စစ်တပ်ကတော့ တိုက်ပွဲမှာသေဆုံးတာအပြင် သူတို့ပစ်တဲ့ လက်နက်ကြီး သူတို့ တပ်ကိုပြန်ထိပြီး သေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ဒီဖြစ်စည်နဲ့ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိနိုင်ဖို့ မိုးဗြဲPDF အဖွဲ့ကို ဆက်သွယ်ပေမယ့် လတ်တလော ဒေသတွင်း ဆက်သွယ်ရေးအခြေအနေတွေအရ ဆက်သွယ်လို့မရသေးသလို DNA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

မိုးဗြဲမြို့ကို ရက်ပိုင်းအတွင်း ဒုတိယအကြိမ်အဖြစ် စစ်တပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးခဲ့ တဲ့ နောက် မြို့ပေါ်မှာ နေရာယူစိုးမိုးထားနိုင်နေပေမယ့် ဒေသကာကွယ်ရေးမဟာမိတ်တပ်တွေနဲ့ တိုက်ပွဲတွေကတော့ ဆက် လက်ပြင်းထန်နေတာပါ။

မနေ့ကပဲ ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆို မြို့နယ်မှာလည်း စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ခဲ့ပြီး ဒီးမော့ဆို ငွေတောင်အခြေစိုက်(၁၀၂)တပ်ရင်းက လက်နက်တိုင် မီးလောင်ပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။