ရုရှားဆီ လက်နက်ရောင်းနေကြောင်း စွပ်စွဲချက်တွေကို မြောက်ကိုရီးယား ငြင်းဆို 

TOPSHOT – Russian President Vladimir Putin welcomes North Korean leader Kim Jong Un prior to their talks at the Far Eastern Federal University campus on Russky island in the far-eastern Russian port of Vladivostok on April 25, 2019. (Photo by Yuri KADOBNOV / AFP)YURI KADOBNOV/AFP/Getty Images

ရုရှားဆီ လက်နက်တွေ တင်ပို့ရောင်းချပေးနေတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်ကို မြောက်ကိုရီးယားက ငြင်းပယ်သွားခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်း စစ်ပွဲမှာ လက်နက်တွေ ပြုန်းတီးမှု များပြားလွန်းတာကြောင့် မြောက်ကိုရီးယားဆီကနေ ဖြည့်တင်း ဝယ်ယူဖို့ ချိတ်ဆက်လာရကြောင်း အမေရိကန် အစိုးရ အရာရှိ တချို့က ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ရုရှားအတွက် ဒုံးကျည်နဲ့ လက်နက်ကြီး ကျည်ဆန်တွေ တင်ပို့ဖွယ် ရှိနေတယ်လို့ အမေရိကန်က ယူဆထားပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားကတော့ သူတို့ဟာ ရုရှားဆီ လက်နက် မရောင်းခဲ့ဖူးသလို လက်နက်တွေ ရောင်းချပေးဖို့ အစီအစဉ်လည်း မရှိကြောင်း ငြင်းဆိုသွားပါတယ်။ အစောပိုင်းမှာ ရုရှားကလည်း မြောက်ကိုရီးယားဆီကနေ လက်နက် ဝယ်နေတယ်ဆိုတဲ့ သတင်းတွေကို ပယ်ချခဲ့ဖူးပါတယ်။

ရုရှားဟာ ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ စစ်ပွဲကြောင့် အနောက်မဟာမိတ် နိုင်ငံတွေဆီက ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရင်ဆိုင် ကြုံတွေ့နေရပါတယ်။ ဒီအခြေအနေက ကုန်ကြမ်း တင်သွင်းမှုတွေပါ ခက်ခဲသွားပြီး လက်နက် ထုတ်လုပ်နိုင်စွမ်း လျော့ကျသွားတာကြောင့် အီရန်နဲ့ မြောက်ကိုရီးယားလို နိုင်ငံတွေဆီ ရုရှားက ချဉ်းကပ်ရမယ့် သဘောပါပဲ။

ဒါပေမဲ့ မြောက်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ရုရှားဆီကို အရင်က ခဲယမ်းမီးကျောက်တွေ တင်ပို့တာမျိုး မလုပ်ခဲ့ဖူးသလို နောင်လည်း ဒီကိစ္စမျိုး ရှိမလာနိုင်ကြောင်း ထုတ်ပြန်သွားပါတယ်။ အမေရိကန်ဟာ ရန်လိုတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး မြောက်ကိုရီးယားအပေါ် အခြေအမြစ် မရှိတဲ့ ကောလာဟလတွေနဲ့ ထိုးနှက်ဖို့ ကြံစည်နေတာသာ ဖြစ်တယ်လို့လည်း မြောက်ကိုရီးယားက တန်ပြန် စွပ်စွဲပါတယ်။

မြောက်ကိုရီးယားရဲ့ စစ်လက်နက် အများစုဟာ ဆိုဗီယက်ခေတ်က ဒီဇိုင်းတွေကို မှီငြမ်းထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ အသုံးပြုနေတဲ့ မြောက်ကိုရီးယား ဒုံးကျည်တွေဟာ ရုရှားနဲ့ နည်းပညာပိုင်း၊ ဒီဇိုင်းပိုင်း ဆင်တူမှုတွေ ရှိနေပါတယ်။

အမေရိကန်ဟာ အီရန်က တိုက်ခိုက်ရေး ဒရုန်းတွေ ရုရှားဆီ ထောက်ပံ့ ပေးပို့နေတယ်လို့လည်း စွပ်စွဲခဲ့ဖူးပြီး အီရန်ဖက်က ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားရဲ့ ဒရုန်းမောင်းနှင်သူ တချို့ဟာ အီရန်ကို သွားရောက်ပြီး သင်တန်းတက်ခဲ့ကြောင်း သိရပါတယ်။

Ref: Reuters

Delta News

Read Previous

ပုသိမ်မြို့ မူလတန်းပြ ဆရာမတဦးမှာ ကိုဗစ်ပိုးတွေ့

Read Next

အဂတိမှုနဲ့ ထောင်တစ်သက်ကျသွားတဲ့ တရုတ် အဂတိ တိုက်ဖျက်ရေး အရာရှိဟောင်း