စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ ၊ ရုံးဝန်ထမ်းတွေ ကိုဗစ်ရောဂါပိုးကူးဆက်ခံနေရ

စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အပါအဝင်တိုင်းအဆင့် ဝန်ကြီးတွေ နဲ့ တိုင်းထွေ/အုပ် ရုံး ဝန်ထမ်း (၃၀ ) နီးပါး ကိုဗစ်ရောဂါကူးစက်ခံထားရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာ ဒုတိယပါတ် အတွင်းက ပုသိမ်မြို့မှာ ပြုလုပ်တဲ့ တိုင်းဆို၊က၊ရေး၊တီး ပြိုင်ပွဲနဲ့ ညောင်တုန်းမြို့နဲ့ ပန်းတနော်မြို့က ဘုန်းကြီးကျောင်းတွေကို သွားပြီးနောက်ပိုင်း ကူးစက်ခံရတာလို့ တိုင်း အထွေထွေ အုပ်ချုပ်ရေးရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ် ။
“ ဝန်ကြီးတွေရော ၊ထွေ/အုပ် မင်းကြီးကတော်ရော ဖြစ်နေတာ၊ မင်းကြီးကတော်ကတော့ အတော်အ ခြေအနေဆိုးတယ် သိရတယ်။ ရုံးကဝန်ထမ်းတွေ လည်းဖြစ်နေတယ်”လို့ဆိုပါတယ်။
လက်ရှိအချိန်ထိ စစ်ကောင်စီဘက်ကတော့ ဒီသတင်းကို ပြင်ပကို ထုတ်ဖော် ပြောကြားမျိုးတာ မလုပ်ဖို့ ဝန်ထမ်းတွေကို တားမြစ်ထားတယ်လို့ သိရပါတယ်။
DNA အနေနဲ့ ကျန်းမာရေး ဝန် ကြီးဌာနနဲ့ နီးစပ်တဲ့ အရပ်ဖက် လူမှုရေးအဖွဲ့အစည်းတွေကို စုံစမ်းရာမှာတော့ အဖွဲ့အစည်းအများစုက ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ ရုံးဝန်ထမ်းတွေ ကိုဗစ်ပိုးကူးဆက်ခံရလို့ သီးသန့်ဆေး ကုသမှု ခံယူနေတယ်လို့ အတည်ပြု ပြောကြားပါတယ်။
ဧရာဝတီတိုင်း အတွင်းမှာ စက်တင်ဘာလဆန်းပိုင်းက စပြီး ကိုဗစ်ရောဂါပိုး ကူးဆက် ခံနေသူတွေကို ပြန် လည်တွေ့ရှိလာတာ ဖြစ်ပြီး အများစုက စစ်ကောင်စီ ရဲ့ကိုဗစ်ရောဂါ ကာကွယ်ဆေး အပြည့် ထိုးထားပြီးသူတွေ ဖြစ်ပါတယ်။