ဂန့်ဂေါမြို့က ရှုံးရှီကျေးရွာကို စစ်တပ်က ပစ်ခတ်ဝင်ရောက်ပြီး ရွာခံတွေရဲ့ ပစ္စည်းတွေကို ခိုးယူ

မကွေးတိုင်း၊ဂန့်ဂေါမြို့အနောက်ဖက်က ချင်းတိုင်းရင်းသားတွေနေထိုင်တဲ့ ရှုံးရှီကျေးရွာထဲကို စစ် တပ်က ဒီကနေ့ နေ့လယ်ပိုင်းမှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး ရွာခံတွေရဲ့ ပစ္စည်း တွေ ယူဆောင်သွားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ကားသုံးစီးန(နဲ့) အနောက်ဖက်ကိုသွားလေကြပြီးသိပ်မကြာဘူး တအုန်းအုန်းပစ်ကြတော့တာ၊ လူ တွေက ပြေးခင်လို့ မထိကြဘူး၊ ညနေမှ ပြန်လာခဲ့ကြတာ၊အိမ်တွေကိုမှန်တယ်၊လူတော့မထိဘူး” လို့ ဂန့်ဂေါမြို့ခံတစ်ဦးကပြောပါတယ်။
ရှုံးရှီကျေးရွာဟာ ဂန့်ဂေါမြို့နဲ့မြစ်သာမြစ်သာခြားပြီး မြစ်ရဲ့အနောက်ဖက်မှာတည်ရှိတာဖြစ်ပါတယ်။ စစ် ကောင်စီတပ်တွေက အဲ့ဒီရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ တာလို့ဆိုပါတယ်။
အဲ့ဒီလိုပစ်ခတ်ဝင်ရောက်လာတာကြောင့် ရွာခံပြည်သူတွေဟာ လွတ်ရာကိုထွက်ပြေးတိမ်း ရှောင်ကြရ တယ်လို့ ဒေသခံတွေကပြောပါတယ်။
ရွာထဲကိုဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီး တန်ဖိုးရှိ ပစ္စည်းတွေကိုယူဆောင်ကာ ညနေပိုင်းမှာ ဂန့်ဂေါမြို့ပေါ်က ခလရ (၅၀) ထဲကို ပြန်လည်ဝင် ရောက် သွားကြတယ်လို့ဆိုပါတယ်။
ဂန့်ဂေါမြို့ပေါ်က ခလရ ( ၅၀) က စစ်ကောင်စီတပ်ဟာ မြို့အနီးက ကျေးရွာတွေထဲ လက်နက်ကြီး တွေ နဲ့ပစ်ခတ်ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို လုယက်ခိုးယူတာတွေ အခုလအတွင်းဆက်တိုက် လုပ်နေတယ်လို့ ဒေသခံ တွေကပြောပါတယ်။
ဒါ့အပြင် ညပိုင်းတွေမှာ ခလရ(၅၀)တပ်ထဲကနေ မြို့အနီးကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ နဲ့အ ကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိတဲ့အတွက် ရွာနေပြည်သူတွေ ထိခိုက်ဒဏ်ရာရကြတာ တွေ လည်းရှိပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့ ညပိုင်းမှာ ခလရ (၅၀)တပ်တွင်းကနေ အဲ့ဒီလိုပစ်ခတ်တာကြောင့် စိန်ဒူးကျေးရွာကပြည်သူ ငါးဦး ဒက်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။