မင်းတပ်မြို့က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာသုံးခု တပြိုင်တည်းတိုက်ခိုက်ခံရ

CDF-Mindat

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ နေရားသုံးခုကို တညအတွင်း တပြိုင်တည်း တိုက်ခိုက်ခဲ့တယ်လို့ CDF-Mindat က ဒီကနေ့ စက်တင်ဘာ (၂၂)ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက တပ်စွဲထားတဲ့တိုင်းရင်းဆေးရုံ ၊NLD ရုံး၊မိခင်နဲ့ကလေးရုံးတွေကို CDF-Mindat ကွန်မန်ဒိုအဖွဲ့က စက်တင်ဘာ ၂၁ရက် မနေ့ကညပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိနိုင်ပေမယ့် အတိအကျမသိရသေးဘူးလို့ CDF-Mindat အဖွဲ့ တာဝန်ရှိသူတစ်ဦးက DNA ကို ပြောပါတယ်။

“ချင်းပြည်နယ်အတွင်းက ပြည်သူလူထုနေထိုင်တဲ့ကျေးရွာတွေကို စစ်ကောင်စီအနေနဲ့လေကြောင်း၊ လက်နက် ကြီး တွေနဲ့ပစ်ခတ်နေပါက ပြင်းပြင်း ထန်ထန်တိုက်ခိုက်သွားမယ်”လို့ သူကပြောပါတယ်။

လတ်တလောရက်ပိုင်းအတွင်း မင်းတပ်မြို့မှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်၊တပ်စွဲတဲ့နေရာတွေအပြင် နယ်မြေခံ ခလရတပ်ရင်း(၂၇၄)ကိုပါ CDF-Mindat က တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာပါ။

အခုလိုတိုက်ခိုက်မှုတွေဟာ မင်းတပ်မြို့မှာ လတ်တလောပြုလုပ်နေတဲ့ စစ်ကောင်စီရဲ့ဝါဒဖြန့် ဈေးရောင်းပွဲတော် ကိုဆန့်ကျင်ကြောင်းပြသတဲ့ တိုက်ခိုက်မှုတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဆန်အိတ် တွေအပါအဝင်တခြားကုန်စည်တွေကို လျှော့ဈေးနဲ့ရောင်းပေးမယ့်ဈေးရောင်းပွဲတော်ကို စစ်ကောင် စီက လုပ်နေ တာဟာ ဒေသခံလူထုကို တဖက်လှည့်နဲ့ လှည့်ဖြားစည်းရုံးတဲ့လုပ်ရပ်ဖြစ်တယ်လို့ CDF-Mindat ကဝေဖန်ထား ပါတယ်။

အဲ့ဒီဈေးရောင်းပွဲတော်မှာ ထည့်သွင်းရောင်းချပေးမယ့် ဆန်အိတ်တွေဟာလည်း မင်းတပ်မြို့စစ်ရှောင်ပြည်သူ တွေ အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် ရထားတဲ့ဆန်အိတ်တွေဖြစ်တယ်လို့ CDF-Mindat က ဆိုပြီး ဒီအချက်ကို DNA အနေနဲ့တော့ သီးခြားအတည်မပြုနိုင်ပါဘူး။

CDF-Mindat တပ်ဖွဲ့ဟာ မင်းတပ်မြို့အဝင်က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုစက်တင်ဘာ ၂၁ရက်မနက်အစော ပိုင်းက ပစ်ခတ် တိုက်ခိုက်ခဲ့သလို အဲ့ဒီနေ့ညနေပိုင်းမှာလည်း မြို့ခံ စစ်ကောင်စီတပ်ရင်း ခလရ (၂၇၄)ကို လက် နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာတွေလုပ်ခဲ့ပါတယ်။

တိုက်ခိုက်မှုတွေအားလုံးမှာ သေဆုံးထိခိုက်မှုတွေရှိနိုင်တယ်လို့ ဆိုပေမယ့် အတိအကျတော့မသိရပါဘူး။ တိုက် ခိုက်မှုတွေမှာပါဝင်ခဲ့တဲ့ CDF-Mindat တပ်ဖွဲ့တွေဝင်လည်း အထိအခိုက်မရှိကြဘူးလို့ ဆိုပါတယ်။

ဒေသကာကွယ်ရေးတပ်က အဲ့ဒီလို တိုက်ခိုက်တာတွေရှိနေသလို စစ်ကောင်စီတပ်ကလည်း စက်တင်ဘာ (၂၀) ရက်မှာ မင်းတပ်မြို့နယ်အတွင်း တောလမ်းတနေရာမှာ လေကြောင်းနဲ့နှစ်ကြိမ်ပစ်ခတ်တာရှိသလို စက်တင်ဘာ (၂၁)ရက်ညပိုင်းနဲ့ ဒီနေ့ မနက်ပိုင်းတွေမှာလည်း လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုတွေကြောင့် ပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး နေအိမ် တချို့ ထိခိုက်ပျက်စီးတာတွေရှိပြီး အသေးစိတ်မသိရသေးဘူးလို့ CDF-Mindat က ထုတ်ပြန်ထားပါတယ်။

Delta News

Read Previous

မင်းကင်းက စစ်ကောင်စီ ရေကင်းဂိတ်တိုက်ခိုက်ခံရပြီး ရဲနဲ့ပျူစောထီးအဖွဲ့ဝင် ခုနစ်ဦးသေ

Read Next

ဂန့်ဂေါ၊ မြောက်ခင်ရန်းရွာမှာ ရွာခံပျူစောထီးတွေက တရွာတည်းနေပြည်သူ ခြောက်ဆယ်ကျော်ကို ဖမ်းဆီးပြီး သတ်ဖြတ်မှုတွေလည်းရှိနေ