တပတ်တာ နွေဦးပုံရိပ်လွှာ 

ဂျိုစောင်း လို့ အရပ်စကားနဲ့ ခေါ်ကြတဲ့ ဦးခေါင်း ညာဘက်ထိပ်နားကနေ မျက်ခုံးနားလောက်အထိဟက်တက်ကွဲ နေတဲ့ ဒဏ်ရာနဲ့ လှဲလျောင်းနေတဲ့ကလေးတယောက်…။ခေါင်းခွံအကာအကွယ်အောက်မှာ ရှိနေရမယ့် အသားစိုင် တွေက အထင်သားရဲရဲနီလို့…။

“ဖြစ်ရလေခြင်း”ဆိုတဲ့ စုတ်သတ်သံတွေကိုတော့ သူမကြားနိုင်တော့ပါဘူး။သူဟာဒီပဲယင်းမြို့နယ် လက်ယက် ကုန်းရွာက မောင်အောင်အောင်ဦးဆိုတဲ့ကလေးတယောက်ဖြစ်တယ်။

ကိုယ့်ဖဲကိုယ်ချိုး စွပ်စွဲချက်တွေနဲ့ အာဏာသိမ်းအပြီး စစ်တပ်က သတ်ဖြတ်ခဲ့တဲ့ ပြည်သူနှစ်ထောင်ကျော်ထဲက တယောက်…။အဲ့ဒီနှစ်ထောင်ကျော်မှာ အနည်းဆုံး ရာဂဏန်းလောက်အထိ ပါဝင်နေမယ့် ကလေးငယ်တွေထဲက တယောက်ပေါ့။

မင်းအောင်လှိုင်အလိုကျ အသုံးတော်ခံနေတဲ့ စစ်တပ်ဟာ မောင်အောင်အောင်ဦးအပါအဝင် ကလေး ကိုးဦး ထက် မနည်းကို တနေ့တည်း၊တနေရာတည်းမှာ ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။အများစုက ပစ်ခတ်မခံရမီအထိ ကျောင်းမှာ စာသင်နေကြတဲ့ကလေးတွေ။

စာသင်ကျောင်းတကျောင်း ကျောင်းဖွင့်ချိန်မှာ ကလေးတွေ အများအပြားရှိနေကြမယ်ဆိုတာ ခပ်လွယ်လွယ် သိ နိုင်တဲ့ ကိစ္စဖြစ်ပေမယ့် မင်းအောင်လှိုင်စစ်တပ်ကတော့ “အာဏာ”အတွက်ပဲ တွက်ချက်စဉ်းစားတော့တယ် ဆိုတာ လက်ယက်ကုန်းရွာက သက်သေပါ။

ပစ်ခတ်မှုအပြီးမှာ စာသင်ကျောင်းထဲရောက်ခဲ့တဲ့ ဒေသခံတဦး ဧရာဝတီသတင်းဌာနကို ပြောပြတဲ့အခြေအနေက စစ်တပ်ဟာ ရည်ရွယ်ချက်ရှိရှိ အငြှိုးတကြီးတိုက်ခိုက်ခဲ့တယ်ဆိုတာ ပေါ်လွင်ပါတယ်။

“ကျောင်းထဲမှာသွေးစတွေကိုပုံနေတာ၊အသားစတွေက ပန်ကာတွေမှာရော၊နံရံတွေမှာရော၊မျက်နှာကြက်မှာရော ကပ်နေတာ၊ကျောင်းဝင်းအတွင်းထဲမှာတော့ အသားစတွေက နေရာအနှံ့ကိုပြန့်ကျဲနေတာ” 

လက်ယက်ကုန်းရွာအဖြစ်ဟာ စစ်ကိုင်းအညာလွင်ပြင်က များလွန်းလှတဲ့ ဇာတ်လမ်းတွေထဲ ထပ်တိုးလာတဲ့အ သည်းနာစရာမှတ် တမ်းတခုပါ။လက်ယက်ကုန်းအဖြစ်မှာ ပြောစရာတွေရှိနေသေးပေမယ့် မိုးဗြဲဘက် ခရီးဆက်ရ ဦးမှာမို့ ဒီလောက်နဲ့ ပဲ ရပ်လိုက်ပါ့မယ်။

မိုးဗြဲ….။ရှမ်းပြည်တောင်ပိုင်းနဲ့ ကယားပြည်နယ်စပ်မြို့လေး။ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ဒီမြို့ကလေးဆီကနေ သတင်းကောင်းတွေရော သတင်းဆိုးတချို့ရော ကြားခဲ့ကြရတာပေါ့။နေပြည်တော်ဝင်ပေါက်လို့ဆိုကြတဲ့ ဒီမြို့က လေးဟာ သုံးရက်ကြာတိုက်ပွဲအပြီး စစ်အုပ်စုက တပ်ဖွဲ့ဝင်အနည်းဆုံး (၆၀)လောက်ကို လျော့သွားစေခဲ့ တယ် လေ။

ဒီတပတ်မှာလည်း ဒီမြို့ကလေးက သတင်းစာမျက်နှာတွေပေါ် ရောက်လာပြန်တယ်။ဒီတခါတော့ ရင်ဆိုင်တိုက်ပွဲ တွေအကြောင်း သိပ်မကြားရဘူး။မြို့ပေါ်က ဆုတ်သွားတဲ့ စစ်တပ်ဟာ မြို့အနီးတနေရာမှာ တပ်စွဲလို့ လက်နက် ကြီးတွေနဲ့ ပစ်ကြသတဲ့။

ထုံးစံအတိုင်း ထိချင်ရာထိ ငါတို့မသိပေါ့…။ရမ်းပစ်တယ်လို့ပြောကြရင်သာ စစ်အုပ်စုလော်ဘီတွေကမကြိုက်တာ။ ပစ်လိုက်သမျှကတော့ အရပ်သားတွေချည်းခံကြရတာ။တိုက်ပွဲဖြစ်နေလို့ စိုးရိမ်စိတ်နဲ့ ဘေးကင်းမယ်ထင်တဲ့နေ ရာမှာ ခိုလှုံနေသူတွေလည်း မင်းအောင်လှိုင်တပည့်တွေလက်ကမလွတ်ခဲ့ဘူး။

စစ်တပ်က မြို့ပြင်ကနေ ရမ်းပစ်တဲ့ လက်နက်ကြီးဟာ စစ်ဘေးရှောင်တွေရှိနေတဲ့ မိုးဗြဲမြို့မွေတော်ဘုရားကျောင်း ဝင်းထဲကျရောက်ပေါက်ကွဲခဲ့တယ်။အဲ့ဒီလိုပေါက်ကွဲလို့ လူငါးဦးသေဆုံးတာမှာ ကလေးနှစ်ယောက်လည်းပါ ဝင်ခဲ့ ပါတယ်။အဲ့ဒီကလေးနှစ်ယောက်က ညီအမတွေ..။   

အဆောက်အဦးတခုခုဆီက ပဲ့ကျလာပုံရတဲ့ ကွန်ကရိတုံးနှစ်တုံးပေါ် ဖယောင်းတိုင်တတိုင်စီ ထွန်းလို့၊ကလေးတွေ ကြိုက်တတ်တဲ့ အအေးဗူးတဗူးစီ၊ပြီးတော့ ရိုးရာအပြင်အဆင်နဲ့ ရိက္ခာထုပ်ကလေးတွေ…။ အလောင်းထည့်အိတ် တွေထဲက ညီအမနှစ်ဦးကတော့ မြေပြင်ပေါ်မှာ လှဲလျောင်းလို့…။

သူတို့မျက်နှာတွေနဲ့ ဦးခေါင်းတွေမှာတော့ ပတ်တီးတွေ၊ဂွမ်းစတွေကအဖွေးသား။ဒီပတ်တီးတွေ၊ဂွမ်းစတွေ အောက် မှာဆိုးဆိုးဝါးဝါးဒဏ်ရာတွေရှိမှာဖြစ်ပေမယ့် အခုတော့ သူတို့ဒီဒဏ်ရာတွေအတွက် မနာကျင်ကြရတော့ဘူး။ဘာ ကိုမှမသိနိုင်တော့တဲ့ သူတို့ကိုကြည့်ရင်း နာကျင်နေရတာက အဖေနဲ့အမေသာြဖစ်တယ်။

“ခံစားရလည်း ကလေးကပြန်မရှင်လာတော့ဘူး”လို့ ညီအမနှစ်ဦးရဲ့ အဖေဖြစ်သူက ငိုရှိုက်နေရင်းပြောတယ်။

“အရေးတော်ပုံအောင်မှရမယ်၊လူတွေအားလုံး ခက်ခဲနေကြပြီ၊အရေးတော်ပုံ အမြန်အောင်မှရမယ်” လို့လည်း သူကဆက်ပြောတယ်။

ဒါဟာ မိုးဗြဲက အသက် (၇)နှစ်နဲ့ (၁၂)အရွယ် ကယန်းညီအမနှစ်ဦး လူ့လောကထဲက မထွက်ခင်မှာနောက်ဆုံး တွေ့ရတဲ့ မြင်ကွင်းရုပ်သံပါ။မြန်မာနောင်းသတင်းဌာနက ဖော်ပြထားတာဖြစ်တယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့ရက်ပိုင်း တိုက်ပွဲပြင်းထန်နေချိန်တုန်းကလည်း မိုးဗြဲမှာ ရှစ်နှစ်သားကလေးတယောက်လက် နက်ကြီးထိပြီး ဆုံးပါးခဲ့ရသေးတယ်။အခုမွေတော်ဘုရားကျောင်းပစ်ခတ်ခံရမှုမှာတော့ စစ်ဘေးရှောင် ဆယ်ဦး ကျော် ပြင်းထန်ဒဏ်ရာတွေရခဲ့ပြီး ကလေးနှစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့တာပါ။

ဒီပဲယင်းနဲ့မိုးဗြဲ၊ စာသင်ကျောင်းနဲ့ ဘုရားကျောင်း…။ ဒီသီတင်းပတ်ထဲ စစ်တပ်က ပစ်ခတ်လို့ ထိမှန်ခဲ့တဲ့ နေရာ တွေ…။ဒီနှစ်နေရာလုံးမှာ ကလေးတွေအပါအဝင် အရပ်သားတွေ ထိခိုက်သေကြေခဲ့ကြရတယ်။

ရွာတွေ မီးရှို့၊ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူလုယက်၊ဖမ်းမိသူမှန်သမျှ PDF အကြမ်းဖက်လို့ စွပ်စွဲ ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေတဲ့ စစ်တပ်ဆီက ဒီတခါရော ဘယ်လိုလိမ်စဉ်တွေကြားရဦးမှာလဲ…။

လက်ယက်ကုန်းရွာပစ်ခတ်မှုကိုတော့ စစ်တပ်က ပြောင်ပြောင်တင်းတင်းပဲ၊ အဲ့ဒီစာသင်ကျောင်းရှိတဲ့ ဘုန်းကြီးကျောင်းထဲမှာPDF နဲ့ NLD အကြမ်း ဖက်တွေရှိနေလို့ပစ်တယ်လို့ဆိုတယ်…။

အသက်ဆယ်နှစ် စွန်းစ တချို့ ဆယ်နှစ်တောင် မရှိသေးတဲ့ ကလေးတွေဟာPDF တွေ NLD အ စွန်းရောက်တွေ ပေါ့….။စီးနင်းတိုက် ခိုက်ချိန်မှာ KIA နဲ့ PDF ကရွာသူ၊ရွာသားတွေကို လူသား တံတိုင်းလုပ် ခုခံခဲ့သတဲ့…။

ဒါကြောင့် ရွာသူ၊ရွာသားတချို့ သေဆုံးထိခိုက် ခဲ့ကြတာ ဖြစ်တယ်လို့ဆိုတယ်။ရွာခံတွေအပြော အရ စစ်တပ်ကဖမ်းသွားပြီးအဆက်အသွယ်မရ သေးတဲ့ ကလေးတွေဟာလည်း ဆေးကုပေး ဖို့လို့စစ်ကောင်စီသတင်းက ဆိုပြန်ပါတယ်။

သင်္ချိုင်းမှာ လူမသိ၊သူမသိ တိတ်တိတ်ပုန်းစွန့်ပစ် သင်္ဂြိုလ် ခံလိုက်ရတဲ့ ကလေးရုပ်အလောင်း တွေအ ကြောင်းတော့ စစ်ကောင်စီသတင်းထဲ ဘယ်ပါ လိမ့်မလဲ…။

တကယ်တော့ဒီပဲယင်းနဲ့ မွေတော်ဘုရား ကျောင်း ဖြစ်စဉ်တွေဟာ  သီတင်းပတ်တခုအတွင်း စစ်တပ် က ကျူးလွန်ပြီး လူတွေသိကြရတဲ့ စစ်ရာဇဝတ်မှုအ များအပြားထဲက တချို့မျှသာဖြစ်ပါတယ်။

မိုးဗြဲမှာ မွေတော်ဘုရားကျောင်းကို လက်နက်ကြီးနဲ့ပစ်ခဲ့တဲ့ စက်တင်ဘာ (၁၆)ရက်မှာပဲ တန့်ဆည်မှာလည်း စစ် တပ်က လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်။တန့်ဆည်မြို့ အုတ်ဖိုအိုင်ရွာက သတ်ဖြတ်မှုအကြောင်း မြန်မာ နောင်းသတင်းဌာနမှာ အခုလိုဖတ်ရတယ်။

“ရဲဘော်တွေ ရုပ်အလောင်းတွေကို မီးရှို့ထားတာ၊အသားကိုကင်ထားသလိုဖြစ်နေတာ၊အရိုးတွေ၊ ခေါင်းရိုးတွေဆို ပေါ်နေတော့တာ၊သတ်ပြီးတော့ မီးရှို့ထားတာ”

တန့်ဆည်က အုပ်ဖိုအိုင်ရွာကို စစ်တပ်စစ်ကြောင်းက အဲ့ဒီနေ့မနက်အစောပိုင်းမှာ ရောက်လာခဲ့တယ်။ စစ်တပ်ပြန် ချိန်မှာတော့ ရွာမှာ ကင်းစောင့်နေတဲ့ ရွာလုံခြုံရေးအဖွဲ့ဝင်ခြောက်ဦးနဲ့ ကာကွယ်ရေးအဖွဲ့ဝင် လေးဦးဟာ မီးကျွမ်း နေတဲ့ ရုပ်အလောင်းတွေဖြစ်နေပါပြီ။

ဟိုဟိုသည်သည် တခြားဒေသတွေမှာလည်း အခုလို စစ်တပ်က ပစ်ခတ်သတ်ဖြတ်လို့ သေဆုံးရသူတွေအကြောင်း နေ့စဉ်နဲ့အမျှ နားနဲ့မဆံအောင်ကြားနေကြရတာပါ။ဒါဆို မင်းအောင်လှိုင် လက်နက်ကိုင်တပ်ဟာ ပစ်ခတ်သတ် ဖြတ်တဲ့ စစ်ရာဇဝတ်မှုကိုပဲ လုပ်နေသလားဆိုရင်တော့ ဘယ်ဟုတ်လိမ့်မလဲလို့သာ ဆိုရလိမ့်မယ်။

KNU ရဲ့ ကော်သူးလေ အုပ်ချုပ်နယ်မြေထဲ အလည်သွားကြရအောင်ပါ။

ပဲခူးတိုင်း၊ညောင်လေးပင်၊ခရိုင်ထဲက မုန်းမြို့…။မုန်းမြို့ထဲက နိုကူ၊တမာခေါနဲ့ ထောင်စု  ရွာသုံးရွာ…။ ဒီရွာသုံး ရွာက ထောင်ချီတဲ့ ပြည်သူတွေကို စစ်တပ်က ခြိမ်းခြောက်ဖိအားပေးပြီး အတင်းအကျပ်ရွာက ထွက်ခွာစေခဲ့တယ် လို့ KNU ကဆိုတယ်။

အဲ့ဒီရွာခံတွေဟာ ရွာက မထွက်ရင် ပစ်သတ်မယ်၊အိမ်တွေ မီးရှို့မယ်လို့ ခြိမ်းခြောက်ခံရတယ်။ဒါကြောင့် နိုကူရွာက ပြည်သူတထောင်နီးပါး (၉၄၅)ဦးနဲ့ တမာခေါရွာက ပြည်သူ သုံးရာကျော် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရတယ်။

တချိန်တုန်းက ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကနေ ကြားခဲ့ကြရဖူးပြီး လူအများစုက မယုံဘူးလို့ ဆိုခဲ့ကြတဲ့သတင်း မျိုးတွေပေါ့။

“တပ်မတော်ဟာ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ပါသည်”ဆိုတဲ့ မင်းအောင်လှိုင်ရဲ့ နှုတ်ထွက်စ ကားကိုပဲ ကြားနေမိပါတော့တယ်။

နွေဦးပြည်သူတွေ စိတ်ညစ်ညူးစရာ အကြောင်းအရာတွေချည်း ထုတ်နုတ်ပေးခဲ့မိရင်ခွင့်လွှတ်ပါ။ဒါပေမယ့် ဒီအ ဖြစ်တွေဟာ ကိုယ်တိုင်ကြုံခဲ့ရသူတွေတင်မက နွေဦးပြည်သူတွေ၊လူသားစိတ်ရှိသူတွေအားလုံး ကြားသိ မှတ်သား ထားကြရမယ့် ဖြစ်စဉ်တွေမဟုတ်လား။