တပတ်တာ နွေဦးပုံရိပ်လွှာ

ဒီတပတ်ဟာ သတင်းကောင်းတွေများတဲ့ သီတင်းပတ်လို့ ပြောလို့ရနိုင်မယ်ထင်ရဲ့..။အကြမ်းဖက် စစ်ကောင်စီရပ် ဝန်းဆီက လာတဲ့သတင်းဆိုးတွေဒီသတင်းပတ်ထဲ ဆက်တိုက်ဆိုသလို ကြားခဲ့ကြရတာမဟုတ်လား။

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ်(၄၀)က စခန်း AA ဆီ လက်လွှတ်လိုက်ရလို့ အရှက်ရသွားတဲ့ စစ်ခေါင်း ဆောင်တွေဟာ အဲ့ဒီစခန်းးပြန်ရဖို့ သဲကြီးမဲကြီး ပြန်တိုက်ခိုက်ပြလေရဲ့..။ဟောသိပ်မကြာဘူး သီတင်းပတ်တခု ကျော်လောက်အကြာ အခုရက်ထဲမှာတော့‌ AA က နောက်ထပ်စခန်းတခု တိုက်ခိုက်သိမ်းယူပြန်သတဲ့…။

“ဘယ်ခြောက်ကာ ညာလှမ်းဆိုသလို” စစ်တပ်က မိုင်တိုင်(၄၀)ကို လွတ်တဲ့ငါးကြီး ဆိုသလို အသဲအမဲဖြစ်နေ တုန်း မှာပဲ အဲ့ဒီမိုင်တိုင်(၄၀)စခန်းနဲ့ ခပ်လှမ်းလှမ်းက ရခိုင်ပြည်နယ်အတွင်းဘက်ပိုကျတဲ့ မောင်တောက စစ်တပ်စခန်း ကို AAက ထပ်ပြီးသိမ်းပိုက်ပြလိုက်တာပါ။

ဒါဟာ စစ်ကောင်စီအဖို့ သီတင်းပတ်နှစ်ခုဆက်တိုက် အနောက်အရပ် နယ်စပ်ဒေသကလာတဲ့ သတင်းဆိုးဖြစ် တယ်။အဲ့ဒီအနောက်အရပ်က ကန့်လန့်ဖြတ်တည့်တည့်ဖြတ်ပြီး အရှေ့မျှော်ကြည့်လိုက်ရင်တော့ ထိုင်းနယ်စပ်တ လျှောက်ဖြစ်တဲ့ ကယား(ကရင်နီ)နဲ့ ဒေါနမြေဆိုတဲ့ တောင်တန်းဒေသတွေပေါ့။

မြန်မာနိုင်ငံအနေနဲ့ဆိုရင် အရှေ့တောင်အရပ်လောက်ကျမယ့် ဒီနယ်စပ်တောင်တန်းတွေဆီမှာလည်း မင်းအောင် လှိုင်ကို လက်ဆောင်ပေးစရာ သတင်းဆိုးတွေသာရှိနေတယ်။ကရင်ပြည်နယ်က မြွေဟောက်တွေဆီ မီးခိုးတိတ် လှူခဲ့တဲ့ အလှူကြီးကတော့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေအဖို့ စိတ်ဆိုးဒေါသထွက်စရာဖြစ်နေမှာ သေချာပါ တယ်။

စစ်ခေါင်းဆောင်တွေရဲ့ အမျက်ဘယ်လောက်ကြီးမယ်ဆိုတာ သိလို့လည်း ကော်ဘရာစစ်ကြောင်းလက်ထဲက စစ်သုံ့ပန်းတွေဟာ သူတို့ရဲ့မိခင်တပ်တွေဆီပြန်လွှတ်တဲ့တိုင် ပြန်ဖို့ငြင်းဆန်နေကြတာပေါ့။ အမျက်ကြီးမယ် ဆိုလည်း ကြီးစရာ။

အဲ့ဒီဖြစ်စဉ်မှာ KNLA နဲ့ ကော်ဘရာ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဆိုက်ဆိုက်မြိုက်မြိုက်လက်ထဲအရောက်လာပို့တဲ့ စံချိန်တင် လက်နက်ခဲယမ်းတွေကို စစ်ကောင်စီဆီက ရခဲ့တာမဟုတ်လား။(၄၀)မမနဲ့(၆၀)မမ ဗုံးသီးအလုံး လေးရာ ဆိုတာ နည်းတဲ့ပမာဏမှမဟုတ်တာ။

၅ဒသမ၅၆ ကပစကျည်(၆၀၀)၊တခြားလက်နက်နဲ့ခဲယမ်းတချို့ကလည်းပါသေးတယ်။ဒီဖမ်းဆီးရမိမှုဟာ အာ ဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်းဖြစ်စဉ်တွေမှာ စံချိန်တင်ဖမ်းဆီးရမိတဲ့ အရေအတွက်ဖြစ်တယ်လို့ သတင်းတချို့ကဖော်ပြတယ်။

ပြီးတော့ ဒီလို လက်နက်ခဲယမ်းအများအပြားဖမ်းဆီးရမိမှုအတွက် ကိုယ့်ဘက်က အထိအခိုက်ရှိဖို့ဝေးစွ၊ကျည် ဘယ်နှတောင့်မှတောင်သုံးလိုက်ရမယ့်ပုံမပေါ်ဘူး။ Never Surrender ဗိုလ်ကြီးဆိုပြီး အခု ဖေ့စ်ဘွတ်ခ်မှာ လူသိများနေတဲ့ စစ်ဗိုလ်ကြီးကိုယ်တိုင်ဦးဆောင်ပြီး မြဝတီကနေ ဝေါ်လေ သုံးထပ်ကွေ့က ကော်ဘရာ စစ် ကြောင်းဆီအရောက်ယူလာပေးတာမဟုတ်လား။

အခုတော့ Never Surrender ဗိုလ်ကြီးရောသူနဲ့အတူပါလာတဲ့ စစ်ကောင်စီတပ်သားတွေရော ကော်ဘရာက ပြန်ခွင့်ပြုတဲ့တိုင် Never go back တွေဖြစ်ကုန်ကြပြီ။ဒီလောက်အလှူကြီးပေးပြီးမှတော့ နောက်တန်း ပြန် ရောက်လည်း အထုအထောင်းခံရမယ့်အရေး သိနှင့်ကြလို့ပေါ့။

စစ်သုံ့ပန်းတွေနဲ့ ပတ်သက်ရင် နာမည်ကောင်းရှိထားတဲ့ ကော်ဘရာလက်ထဲမှာတော့ သူတို့ မှဲ့တပေါက် စွန်း ထားတဲ့ အရိပ်အယောင်တောင် မတွေ့ရ။ဒီလို မှဲ့တပေါက်မစွန်းတဲ့အခြေအနေကိုဂရုတစိုက်လေ့လာသိ မြင်သူ တွေကတော့ “အဖမ်းခံထားရတာ ငါတို့တော်လှန်ရေးလူငယ်တွေဖြစ်ကြည့်ပါလား”လို့ မချိတင်ကဲ ဆိုကြရဲ့…။

ဒေါနမြေကနေ ထိုင်းနယ်စပ်တလျှောက် မြန်မာနိုင်ငံအပေါ်ဘက်ဆီ ဆက်တက်ရင် တွေ့ရမှာက ကယား(ကရင်နီ) တို့ရဲ့ ငွေတောင်ပြည်။စစ်ခေါင်းဆောင်တို့ရဲ့ ဌာနနေ နေပြည်တော်နဲ့ ဖင်ချင်းကပ်နေတဲ့ ငွေတောင်ပြည်မှာ ပြည် သူ့ကာကွယ်ရေးတပ်တွေ အခိုင်အမာ စုဖွဲ့ထားနိုင်တာ ကြာပြီမဟုတ်လား။

အဲ့ဒီငွေတောင်ပြည်နဲ့ ရှမ်းပြည်နယ်အစပ် မိုးဗြဲမြို့ဆိုတာလည်း လက်နက်ကိုင်တော်လှန်ရေး အစောပိုင်းကာလ တွေကလည်းက နာမည်ကျော်ခဲ့ပြီးသား။မြို့နယ်ရဲစခန်းဆိုတဲ့ ကျောက်သားဆိုင်းဘုတ်ကိုထုရိုက် ဖြိုဖျက် နေတဲ့ ပုံရိပ်တခုကို မှတ်မိနေသေးတယ်ဆိုရင် အဲ့ဒါလွန်ခဲ့တဲ့တနှစ်ကျော်က မိုးဗြဲရဲ့တော်လှန်ရေး ပုံရိပ်ပဲ။

ဒီသီတင်းပတ်ထဲမှာတော့ အဲ့ဒီမိုးဗြဲမှာ တိုက်ပွဲပြင်းထန်နေတယ်။မိုးဗြဲ PDF အပါအဝင် ကရင်နီဒေသအခြေစိုက် တော်လှန်ရေး မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ စက်တင်ဘာ (၈)ရက်ကစပြီး တိုက်ခိုက်နေကြတာပါ။ အင်အားတရာလောက်နဲ့ မြို့နယ်ထဲစစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ကာကွယ်တပ်တွေရဲ့ကြားဖြတ်တိုက် ခိုက်မှုနဲ့ရင်ဆိုင်ရတယ်။

ဒီတော့ စစ်တပ် အထိနာတယ်။ပထမနေ့ကတည်းက စစ်ကောင်စီဘက်က (၂၀)ဝန်းကျင် မုန့်ဟင်းခါး ဖြစ်ကုန် ကြတယ်။မကျက်တကျက် မုန့်ဟင်းခါးတွေလည်းများတယ်လို့ဆိုတယ်။ပထမနေ့မှာတင် စစ်ကောင်စီဘက်က လက်နက် (၁၀)လက်နဲ့ ခဲယမ်းတွေကို ကာကွယ်ရေးတပ်တွေ ရခဲ့တယ်။

ဒီတော့ စစ်တပ်က ထုံးစံအတိုင်း လက်နက်ကြီးတွေလေယာဉ်တွေနဲ့ ရမ်းပစ်ကြလေသတည်းပေါ့။ စတန်းဒတ် အာမီကြီးရဲ့ မကောင်းသူထိပ်၊ကောင်းသူထိပ်ဆိုတဲ့စေတနာကြောင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရကြတယ်။ ရှစ်နှစ်အရွယ်ကလေးလေးကတော့ လက်နက်ကြီးကျည်ထိလို့ အရွယ်နဲ့မမျှအောင်နာနာကျင်ကျင်ကြွေလွင့်ခဲ့ရ တယ်။

လေကြောင်းဒဏ်ကြောင့် မြို့ခံတွေရဲ့ နေအိမ်အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးကြရ။ဒီရက်ထဲ မိုးဗြဲမြို့က ပုံရိပ်တွေ တွေ့မိလို့ မြူခိုးတွေဝေနေရင် အဲ့ဒါဟာ ယမ်းငွေ့တွေလို့သာမှတ်ကြရမယ့်အထိ ရှမ်း-ကယားနယ်စပ်က မြို့ကလေးမှာ စစ်မီးတောက်လောင်နေလေရဲ့…။

အဲ့ဒီ စစ်မီးလျှံကြားက လူထုသူရဲကောင်းတွေကတော့ မုန့်ဟင်းခါးချက်ဖို့ အရေး နှုတ်ခမ်းနီတွေ အရေးပေါ်လို အပ်နေတဲ့အကြောင်းသတင်းစကားပါးတယ်။နှုတ်ခမ်းနီမရှိရင် မုန့်ဟင်းခါးမစားရတဲ့အပြင် အိုးသူကြီးတွေလည်း ဒုက္ခတွေ့ကြရဦးမယ် မဟုတ်လား။မုန့်ဟင်းခါးကြိုက်သူတွေ ကူကြဖို့အချိန်ပေါ့။

မြန်မာပြည်မြေပုံပေါ်က အရှေ့၊အနောက်၊တောင်အရပ်တွေမှာ ဒီလို လှုပ်ခတ်နေကြချိန် မြောက်ဖျားက မနော မြေမှာလည်း တိုက်ပွဲတွေအဆက်မပြတ်ရှိနေတုန်းပဲ။သို့သော် လိုင်ဇာဟာ အမြဲတမ်း သိုသိုသိပ်သိပ် တိတ်တိတ် ဆိတ်ဆိတ်။

ဘယ်လိုမှ သိုသိပ်တိတ်ဆိတ်ထားလို့မရတာကတော့ စစ်ကိုင်း၊မကွေး အညာလွင်ပြင်။မြန်မာ့အလယ်အူတိုင်ဖြစ်တဲ့ ဒီလွင်ပြင်ကြီးမှာ အဖြစ်အပျက်တွေက နေ့စဉ်နဲ့အမျှ အများသား မဟုတ်လား။သတင်းကောင်းတွေရော၊သတင်း ဆိုးတွေရော ရောနှောလို့။

ဒီလွင်ပြင်ကြီးတခုလုံးကို စစ်တပ်က အပြီးအပြတ် မဖိနှိပ်နိုင်သေးပေမယ့် နေ့စဉ်နဲ့အမျှ ဒုက္ခတော့ ကောင်း ကောင်းပေးနိုင်နေဆဲပဲ။စစ်ကိုင်း။မကွေး အညာလွင်ပြင်ကလာတဲ့နေ့စဉ်သတင်းတွေကိုသာကြည့်။စစ်တပ်မိုင်းဆွဲ မခံရတဲ့နေ့မရှိသလို စစ်တပ်က ရွာတွေ မီးမရှို့တဲ့နေ့လည်းမရှိ။

ဒီလွင်ပြင်ကြီးထဲမှာ စစ်တပ်ထုတ်ကုန်တွေ၊စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊စစ်ကောင်စီဒေါက်တိုင်တွေကို ထိုင်စောင့် ဖမ်းနိုင်တဲ့ PDF စစ်ဆေးရေးဂိတ်တွေရှိနေသလို၊အခုအချိန်အထိ လက်လုပ်သေနတ်ပဲကိုင်နိုင်လို့ စစ်ကြောင်း ထိုး လာရင် ပြေးရလွှားရတဲ့ ဒေသကာကွယ်ရေး တပ်တွေလည်း အများအပြားရှိနေတုန်းပါ။

ဒီသတင်းပတ်ထဲ ဒီလွင်ပြင်ထဲက သတင်းကောင်းတချို့က ပခုက္ကူက စစ်တပ်စစ်ဆေးရေးဂိတ် စီးနင်းတိုက်ခိုက်ခံ ရတာ၊မုံရွာမှာ အကျဉ်းဦးစီးဌာနက အရာရှိကို ဖမ်းမိတာ၊မြောင်နယ်မှာ ရေကြောင်းကလာတဲ့ စစ်တပ်အထိနာခဲ့ တာ စတဲ့ ထင်ရှားတဲ့ဖြစ်ရပ်တွေရှိသလို မိုင်းဆွဲတိုက်ခိုက်မှုတွေကတော့ မရေတွက်နိုင်လောက်အောင် ဒုနဲ့ဒေး။

အညာလွင်ပြင်ရဲ့ အစွန်အဖျားလို့ ဆိုရမယ့် ဂန့်ဂေါနယ်ဘက်မှာတော့ စစ်တပ်က စစ်ကြောင်းတွေတောက် လျှောက်ထိုးနေဆဲပဲ။စစ်ကြောင်းထိုးတာနဲ့အတူ ရွာမီးရှို့ခံရတာ၊ပြည်သူပိုင်ပစ္စည်းတွေလုယက်ယူ ဆောင်ခံရ တာတွေကတော့ အညာလွင်ပြင်အဖို့ ပြောမကုန်နိုင်တဲ့ နာကျင်စရာဇာတ်လမ်းတွေပေါ့။

ကံမမြို့နယ်မှာတော့ PDF စခန်းတခု စီးနင်းခံရပြီး တပ်ဖွဲ့ဝင် ၂၀လောက်စစ်ကောင်စီက ဖမ်းဆီးတယ်လို့ သတင်း ဖော်ပြကြတာတွေရှိပေမယ့် သတင်းတချို့ကလည်း အရပ်သားတွေကို စွပ်စွဲဖမ်းဆီးတာသာြဖစ်တယ်လို့ဆိုတယ်။

နိုင်ငံအနှံ့ဒီလို ခုလံတော်လှန်စစ်တွေစတင်ခဲ့တာ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)အဆိုအရတော့ အခုသီတင်း ပတ်ထဲက စက်တင်ဘာ ၇ရက်မှာ တနှစ်တိတိပြည်ပါပြီ။လွန်ခဲ့တဲ့ တနှစ် စက်တင်ဘာ ၇ရက်မှာ NUG က တနိုင်ငံ လုံး ခုခံတော်လှန်စစ်စတင်ပြီလို့ ကြေညာခဲ့တာ မဟုတ်လား။

တနှစ်တာကာလအတွင်း တိုက်ပွဲတွေမှာ ခန့်မှန်းခြေစာရင်းအရ  PDF နဲ့ မဟာမိတ်တိုင်းရင်းသားလက် နက်ကိုင် တွေဘက်က (၁၅၀၀)ကျော်ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က နှစ်သောင်းကျော်သေဆုံးကာ ခုနစ်ထောင် ဝန်းကျင် လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ NUGရဲ့ ယာယီသမ္မတ ဒူဝါလရှီးလကဆိုတယ်။

NUG အနေနဲ့ တနိုင်ငံလုံးမှာ ပြန့်ကျဲနေတဲ့ တော်လှန်ရေးအင်အားစုတွေကို လွှမ်းခြုံနိုင်တဲ့ စနစ်ကျတဲ့ အမိန့် ပေး ကွပ်ကွဲမှုစနစ် အားကောင်းဖို့လိုအပ်နေသေးတာ၊တော်လှန်ရေးစစ်သည်တွေအတွက် စနစ်ကျတဲ့ စစ်ရေး လေ့ကျင့် မှုနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်ဆည်းပေးနိုင်မှုအားနည်းနေသေးတာဟာ တနှစ်ပြည့် ခုခံတော်လှန်စစ်ရဲ့ အားနည်း ချက်တွေဖြစ်တယ်လို့ ယာယီသမ္မတက ဝန်ခံတယ်။

ဒီအားနည်းချက်တွေကိုဖြည့်ဆည်းနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ကြိုးပမ်းနေတယ်လို့ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန် ကလည်းပြောတယ်။ခုခံတော်လှန်စစ် ဒုတိယနှစ်ဖြစ်တဲ့  လာမယ့်နှစ်မှာတော့ တော်လှန်ရေးအရှိန်မြှင့်တင်မယ်လို့ NUG ကဆိုပါတယ်။

“စိုးမိုးထိန်းချုပ် နယ်မြေပေါင်းများစွာပေါ်လာလိမ့်မယ်”ဆိုတဲ့ ယာယီ သမ္မတ ဒူဝါလရှီးလရဲ့စကားအတိုင်း လက်  တွေ့ဘယ်လောက်အကောင်အထည်ပေါ်လာမလဲဆိုတာ ဒီသတင်းပတ်ကစပြီး စောင့်ကြည့်ကြရတော့မှာပါ။