ရေစကြို နည်းပညာတက္ကသိုလ်မှာတပ်စွဲထားတဲ့ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဆိုင်ကယ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်မှု သုံးဦးသေp

Photo – Yesagyo Revolution Group – YRG

ရေစကြိုမြို့နယ်၊ကျောက်လှေခါးရွာအနီးက GTC နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်ကို ဆိုင်ကယ်မိုင်းနဲ့တိုက်ခိုက်ရာ ခဲ့ရာမှာ သုံးဦးသေဆုံးခဲ့တယ်လို့ ရေစကြိုတော်လှန်ရေးအဖွဲ့က DNA ကိုပြောပါတယ်။

မိုင်းတပ်ဆင်ထားတဲ့ ဆိုင်ကယ်ကို ဒေသကာကွယ်ရေးအဖွဲ့က စစ်ဆေးရေးဂိတ် နဲ့ ကိုက် ၁၀၀ လောက်အကွာမှာရပ်ထားခဲ့တာကို အကြမ်းဖက်အုပ်စုဝင် တဦးက ဂိတ်အတွင်းကိုယူဆောင်ပြီး ဆိုင်ကယ်တူးဘောက်စ်ကို ဖွင့်ကြည့်ချိန်မှာ ဗုံးပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ၁ ဦးပွဲချင်းပြီးသေဆုံးပြီး နောက်ထပ် ၂ ဦးဟာ ဆေးရုံမှာ သေဆုံးသွားတဲ့အပြင်  ၅ ဦးခန့်ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုတော်လှန်ရေးအဖွဲ့က ပြောပါတယ်။

“ဒီနယ်ဘက်တွေကို စစ်ကြောင်းထိုးမယ်ဆိုရင် အဲ့ကျောင်းကပဲ အခြေစိုက်လူစုပြီး စစ်ကြောင်းထိုးတာ၊တပ်ကူတွေလာရင်လည်း အဲ့ကျောင်းမှာပဲနေကြတာ။နောက်ပြီး အများပြည်သူတွေကိုလည်း ရိုက်တာတွေ ၊စစ်ဆေးကြမ်းတာတွေ ဒိုက်ထိုးခိုင်းတာတွေ လုပ်ခိုင်းတယ် “ လို့  စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရတာနဲ့ ပတ်သတ်ပြီး ရေစကြိုတော်လှန်ရေး အင်အားစုက တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

ဆိုင်ကယ်နဲ့ဗုံးဖေါက်ခွဲတိုက်ခိုက်မှုကို  ရေစကြို တော်လှန်ရေးအဖွဲ့ နဲ့အတူ Urban Underground Revolution Force -UURF / Shwe Nyar Myae – PDF နှင့် Zarmani Blood Guerilla Army – Myaing အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။