ရေစကြိုပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့စခန်းတခု စီးနင်းခံရပြီး ကျပ်သိန်းငါးရာခန့် တန်ဖိုးရှိအသုံးအဆောင် များဆုံးရှုံး

Photo ရေစကြို ပကဖ
မ​ကွေးတိုင်း​၊ရေစကြိုမြို့နယ်မှာ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ သင်တန်းသားတွေနေတဲ့ စခန်းတခု စီးနင်း ဖျက်ဆီး ခံရလို့ ကျပ်သိန်းငါးရာဝန်းကျင် တန်ဖိုးရှိတဲ့အသုံးအဆောင်တွေ ဆုံးရှုံးခဲ့တယ်လို့ ရေစကြိုပကဖက ထုတ်ပြန် ပါတယ်။
“ကျွန်​တော်တို့စခန်းကို စကစ​တွေ လာတာက လမ်းပြပါလာတယ်”လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သ တင်းထုတ်ပြန်ရေး တာဝန်ခံက DNAကိုပြောပါတယ်။
စစ်တပ်က စက်တင်ဘာ (၁၆)ရက် မနေ့ မနက်အစောပိုင်းမှာ အဲ့ဒီစခန်းကို ဝင်ရောက်စီးနင်းဖျက်ဆီးခဲ့ တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေနဲ့သင်တန်းသားတွေ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပေမယ့် စခန်းကအဆောက် အအုံတွေနဲ့ကားတ စီးအပါအဝင် အသုံးအဆောင်တွေလည်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
“ထိခိုက်ဆုံးရှုံးနစ်နာမှု​တွေအတွက် ပြည်သူ​တွေအ​နေနဲ့ တတ်နိုင်သ​လောက် ကူညီ​ပေးကြဖို့လည်း ​မေတ္တ ာရပ်ခံ ချင်ပါတယ်၊ကျွန်​တော်တို့အ​နေနဲ့ အ​ကောင်းဆုံးဖြစ်​အောင် ပြန်လည်လုပ်​ဆောင်သွားမှာလည်း ဖြစ်ပါတယ်”လို့ ရေစကြို ပကဖ သတင်းထုတ်ပြန်ရေးတာဝန်ခံက ဆိုပါတယ်။
စစ်တပ်က စခန်းကိုစီးနင်းလို့ ဆုံးရှုံးခဲ့တဲ့အထဲ လက်နက်တွေတော့ မပါဘူးလို့လည်း သူကပြောပါတယ်။
​ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေမကြာခဏ ဖြစ်နေပြီး အကြမ်းဖက်စစ်တပ်က ဒေသတွင်းကျေးရွာတွေထဲ လှည့်လည်စစ်ကြောင်းထိုးပြီး လုယက် အကြမ်း ဖက်တာတွေ နေ့စဉ်လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။